#ခရမ်းသီးမီးဖုတ်သုပ်နည်း =================== ဒီတစ်ပတ်တော့ အသားတွေ စားရတာ ရိုးအီလာတဲ့သူများ အတွက် ခရမ်းသီးမီးဖုတ်သုပ်လေး တင်ဆက်ပေးပါမယ်။ အချိုဓာတ် လေးလေးပင်ပင် ရှိလှတဲ့ ခရမ်းသီးမီးဖုတ်သုပ်ကို ကြိုက်နှစ်သက်လှသူက ခပ်များများပါ။ သားသတ်လွတ်စားတတ်သူတွေအတွက်လည်း အဆင်ပြေလှတဲ့ ဟင်းတစ်မယ်ပါ။ အခု လိုအပ်တာတွေ အရင် ပြင်ဆင်ကြရအောင်။ ခရမ်းသီး အရွယ်တော် ၂လုံး ကြက်သွန်နီ ၁ဥ (ပါးပါးလှီးပြီး ရေဆေး၊ ရေစစ်ထားပါ) နှမ်းလှော် အနည်းငယ် (မညက်တညက်လေး ထောင်းထားပါ) ပဲဆီ အနည်းငယ် ကြက်သွန်နီ ကြော် အနည်းငယ်တို့ပဲ ဖြစ်ပါတယ်။ ကြက်သွန်ကြော်ဖို့ အဆင်မပြေရင် အသင့်ကြော်ထားတဲ့ ကြက်သွန်နီကြော်ကို အသုံးပြုလို့ ရပါတယ်။ ဆီကိုတော့ ဆီစိမ်းကို အသုံးပြုမှာဖြစ်လို့ အနံ့ အရသာ အဆင်ပြေတဲ့ မြေပဲဆုံဆီလေး အသုံး ပြုထားပါတယ်။ အခု ခရမ်းသီးမီးဖုတ်သုပ်လေး လုပ်ဖို့ ခရမ်းသီးကို မီးဖုတ်ပါမယ်။ မီးသွေးမီးနဲ့က ပိုပြီးအဆင်ပြေလို့ မီးသွေးမီးအနေတော်နဲ့ စပြီး မီးဖုတ်ပါတယ်။ ခရမ်းသီး အကျက်ညီအောင် မကြာခဏ တစ်ဖက်လှန်ပေးပါ။ အပေါ်အခွံတွေ မည်းပြီး အသီး အိလာပြီဆိုရင် ရပါပြီရှင်။ ခရမ်းသီးမီးဖုတ်ကို ခဏ အအေးခံထားပါ။ ပြီးရင်တော့ အပေါ်က တူးနေတဲ့...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈