Skip to main content

Posts

Showing posts with the label α€™ုα€”်α€Šα€„်းချဉ်(α€›ှα€™်းချဉ်) α€œုပ်α€”α€Š်း😱😍

α€™ုα€”်α€Šα€„်းချဉ်(α€›ှα€™်းချဉ်) α€œုပ်α€”α€Š်း😱😍

   α€™ုα€”်α€Šα€„်းချဉ်(α€›ှα€™်းချဉ်) α€œုပ်α€”α€Š်း😱😍 α€‘α€›α€žာα€›ှိပြီး α€…ားα€€ောင်းတဲ့ α€›ှα€™်းချဉ်α€œုပ်α€”α€Š်းα€œေးα€€ို α€™ျှဝေပေးα€œိုα€€်ပါα€α€š်။ ပါဝင်α€žောပစ္α€…α€Š်းα€™ျား α€™ုα€”်α€Šα€„်းα€…ိα€™်း ၂ပိα€Ώာခန့်၊ α€™ုα€”်α€œာα€₯α€”ီ ၁၅ α€€ျပ်α€žား၊ ဂျူးα€™ြα€…် ၁၅ α€€ျပ်α€žား၊ ပဲပိုးတီ ၂၅ α€€ျပ်α€žား၊ ဂျင်း ၅ α€€ျပ်α€žား၊ α€™ုα€”်α€Šα€„်းα€…ေ့ ၁ α€€ျပ်α€žား၊ ငရုတ်α€žီး ထရောင်တင်α€™ှုα€”့် ၅ α€€ျပ်α€žား၊ α€”ံα€”ံα€…ေ့ ၁ α€€ျပ်α€žား၊ ဆား၊ α€€ြံα€žα€€ာ ၅ α€€ျပ်α€žား၊ ဆန်ထရက် ထမင်းα€…ားဇွα€”်း ၃ ဇွα€”်း။ (၁) α€™ုα€”်α€Šα€„်းα€€ို α€›ေα€”ှα€…်ခါဆေးပြီး α€‡α€œုံတစ်ခုထဲα€‘α€Š့်၊ α€›ေα€‘α€Š့်၊ ဆားα€‘α€Š့်ပြီး တစ်α€”ာα€›ီခန့် ဆားα€›α€Š်α€…ိα€™်ထားပါ။ (၂) ပြီးရင် α€›ေα€…α€…်ပြီး α€”ာα€›ီဝက်α€€ျော်α€œောα€€် α€”ေα€œှα€”်းပါ။ α€‘α€”α€Š်းα€„α€š်α€”ွα€™်းရင် ထနေတော်α€œောα€€် α€œှီးα€–ြတ်ထားပါ။ (၃) ပဲပိုးတီ၊ ဂျူးα€™ြα€…်၊ α€™ုα€”်α€œာα€₯α€”ီတို့α€€ို α€›ေဆေးပြီး α€…α€…်ထားပါ။ ပြီးရင် ထနေတော်α€œေးတွေ α€œှီးထားပါ။ (၄) ထမွှေးထကြိုင်ထတွα€€် α€”ံα€”ံα€…ေ့α€”ဲ့ α€™ုα€”်α€Šα€„်းα€…ေ့α€€ို ထနံ့α€™ွေးထောင် α€œှော်ပြီးရင် α€‘α€”α€Š်းα€„α€š် ထောင်းပေးထားပါ။ ဂျင်းပါးပါးα€œှီးထားတဲ့ထထဲα€€ တစ်ဝက်α€€ိုα€‘α€Š့်ပြီး ထောင်းα€œိုα€€်ပါ။ (၅) ငရုα€žီးပွခြောα€€်α€”ဲ့ α€€ြံα€žα€€ာတို့α€€ိုα€œα€Š်း α€‘α€Š့်ပြီး ချေပေးပါ။ (၆) α€›ေα€…α€…်ထားတဲ့ α€‘α€žီးထရွα€€်α€™ျားα€€ို α€‡α€œုံးα€€ြီးတစ်ခုထဲα€‘α€Š့်၊ ထမွှေးထကြိုင်α€™ျားα€€ိုα€‘α€Š့်၊ ဆား၊ α€€ြံα€žα€€ာ၊ ဆန်ထရက်တို့α€€ိုα€‘α€Š့်ပြီး ...