ဒီညနေ ကြက်သားဆီချက် ခေါက်ဆွဲပါ ကြက်သား ၁၅ ကျပ်သား အသားသက်သက်တုံးထားတာကိုသန့်စင်ရေဆေးပြီးအိုးတလုံးမှာထည့်ရေမြုပ်အောင် ထည့်ပြီးချင်းထူထူသုံးပြား ကြက်သွန်ဖြူဥ တလုံး ဆားအချိုမှုန့် နဲနဲထည့်ပြီးနူးအောင်ပြုတ်ပါ ကြက်သားပြုတ်ထားတာရရင်အတုံးသေးသေးလှီးပြီးပန်းကန်တခုမှာထည့်ပါ အိုးထဲကိုရေနဲနဲထပ်ထည့်ပြီးဟင်းချိုရည်တည်ထားပါ မြန်မာကြက်သွန်ဖြူဥသေးကိုနွှာပြီးစင်းလှီးကာဆီချက် ချက်ထားပါ ကြက်အဆီနှင့်ဆီချက် ချက်တာမကြိုက်လို့ မချက်ပါဘူး အိမ်မှာစိုက်ထားတဲ့ကြက်သွန်မိတ်ကိုပဲဖြတ်ပြီးရေဆေးပြီးလှီးထားပါတယ် အိုးတလုံးမှာရေများများ ထည့်ပြီဆူအောင်တည်ပြီးငွေကြယ်ဖြူတံဆိပ်ခေါက်ဆွဲ အစည်းတဝက်ကိုပြုတ်ပြီးစကာနှင့်စစ်ထားပါ စတီးဇလုံတခုမှာဟင်းခတ်ဇွန်း နှင့်ခရုဆီ ၁ ဇွန်း ပဲငံပြာရည်အကြည် ၃ ဇွန်း ကြက်သွန်ဖြူ ဆီချက် ၄ ဇွန်း အချိုမှုန့်ဇွန်းထိပ်ဖြားလောက်ထည့်ပြီးသမ နှံ့စပ်အောင်မွှေပြီးခေါက်ဆွဲပြုတ်ရေစစ်ထားတာထည့်ပါ သမနှံ့စပ်အောင်အထက် အောက်လှန်ပြီးမွှေပေးပါ အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်ပန်းကန်ပြား တခုမှာထည့်ပြီးကြက်သား ပြုတ်လှီးထားတာဖြူးထည့်ပါ ကြက်သွန်မိတ်ဖြူးထည့်ပါ ကြက်သွန်ဖြူဆီချက်အဖတ် ဖြူးထည့်ပါ ကြက်သားဆီချက...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈