Skip to main content

Posts

Showing posts with the label ကြက်အူဆီပြန်ဟင်း ***

ကြက်အူဆီပြန်ဟင်း ***

 ကြက်အူဆီပြန်ဟင်း *** ကြက်အူကို မညှီပဲ အနံ့လေး မွှေးနေအောင် ချက်ကြရအောင်... ကြက်အူဆီပြန်လေးကို မဆလာနံ့လေး တသင်းသင်းနဲ့ မွှေးနေအောင် ချက်ထားပါတယ်။ စားနေချိန်မှာရော စားပြီးသွားရင်ရော လက်မှာ မဆလာအနံ့လေး သင်းပြီး ဆွဲနေအောင် ကောင်းလှပါတယ်.. ကြက်အူကို မညှီအောင် ဆေးရတာကတော့ လက်ဝင်ပါတယ်။ အချိန်လဲကြာတယ်။ ကြက်အူကို ဆေးမယ်ဆိုလျှင် ပထမဆုံး ဆားကြမ်း၊ ဆနွင်းနဲ့ခပ်ကြမ်းကြမ်းလေး နယ်ဆေးပြီး ရေများများနဲ့ ဆေးချပါ။ နောက်တထပ်ဆို ပဲမှုန့်အစိမ်းထည့်ပြီး လက်နဲ့ အားရပါးရနယ်ပြီး ဆေးပါ။ အညှိအရွဲတွေဟာ ပဲမှုန့်စိမ်းနဲ့အတူ ပါသွားပါလိမ့်မယ်။ ရေအေးနဲ့ပြန်ဆေးချပါ။ လေးငါးထပ်ပေါ့ ။ နောက်ဆုံးမှ ရေနွေးနွေးလေးထည့်၊ ရှာလကာရည် နှစ်ဇွန်းလောက် ထည့်ပြီး မြန်မြန်ဆေးချပါ။ စိမ်ပြီးဆေးလျှင် အချဉ်ဓာတ်တွေ စိမ့်ဝင်သွားမှာ ဆိုးလို့ပါ။ ပြီးရင်ရေနဲ့ အထပ်ထပ်ပြန်ဆေးရင် မညှီတော့ပါဘူး။ အားလုံး သန့်စင်သွားရင် ဆေးတဲ့ရေလေး ကြည်သွားတာ တွေ့ရပါမယ်။ အဲ့ဒီတော့မှ ထုံးပြီးချက်ချင်တယ်ဆိုရင်လည်း အူတွေကို အနေတော်အရှည်လေးတွေ ဖြတ်ပြီးထုံးပါ။ မထုံးချင်လည်း ကပ်ကြေးနဲ့ အနေတော်အပိုင်းလေးတွေ ဖြတ်ပါ။ ပြီးရင် ကြက်သားမှုန့်၊ ဆနွင်း၊ မဆလာ ထည့်နယ်ထားပါ။ ဆားမထည်...