ဘဲဥ ငါးခြောက် အချဉ်ဆီပြန် 😊😊 ဆီစျေးက*ဖြစ်သွားသောအခါ အဲ့သလို😉😉 ဆီပြန်ဆိုပြီး ဆီရှာမရသော ဟင်းတခွက် 😊😊 ချက်နည်းလေးက ဘဲဥ ၅ လုံး ငါးဖောင်ရိုး ၅ ကျပ်သား ဆီပူလာရင် ဆနွင်းထည့် ကြက်သွန်နီ ၄ လုံး ကြက်သွန်ဖြူ အနည်းငယ် ငရုတ်သီး ထမင်းစားဇွန်း ၁ ဇွန်းခွဲ ရောထောင်းထားတာထည့် ဆီသတ် နွမ်းပြီး အနံ့လေးမွှေးလာရင် ခရမ်းချဉ်သီး ၄လုံး ပါးပါးလှီးထည့်ပါ ဆား ဟင်းခပ်မှုန့်ထည့်ပြီး အနှစ်ကျအောင် အဖုံးလေး ခဏပိတ်ချက်ပါ စိမ်းစားငပိထည့်ပါ မွှေပါ ပြီးရင် ငါးခြောက်ထည့်ပါ ရေနွေးထည့်ပါ ငါးခြောက် အိရင် ဘဲဥထည့်ပါ ရေနွေးအနည်းငယ်ထည့်ပါ အဖုံးပိတ်ပါ ရေခမ်းပြီး ဆီပြန်ရင် ရပါပြီရှင် Credit Aye Su Khine
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈