Skip to main content

Posts

Showing posts with the label နာနတ်သီးဖျော်ရည်စိမ်

နာနတ်သီးဖျော်ရည်စိမ်

 ဂျပန်ရောက်နေတဲ့ ဦးလေး ပြောတယ် သူတို့က တာရှည်ခံဆေးတွေသုံးပြီး လုပ်ထားတဲ့ ဖျော်ရည်စိမ် ပုလင်းတွေမသောက်ဘူး ဓာတုလွတ် အသီးဖျော်ရည် ကိုယ်တိုင်စိမ်စားတယ် ရေခဲသေတ္တာထဲထည့်ထားရင် လ တော်​တော်ကြာကြာ အထားခံတယ် ပြောလို့ စမ်းလုပ်ကြည့်လိုက်တာ ရှယ်ဘဲ 🤗 အိမ်က သားသား အကြိုက် 💞💞 #edit  လုပ်နည်းလေးက အလွယ်လေးပါရှင့်  နာနတ်သီးကို ကိုယ့်စိတ်ကြိုက်အနေတော် အတုံးလေးတွေလှီး ဆားနဲ့ပွတ်ဆေးချတယ်  နောက်တစ်ထပ် သံပရာသီးလေးနဲ့ထပ်ပြီးပွတ်တယ် ပြီမှ ကျမကတော့ ရေနဲ့ မပြောင်တစ်ပြောင်လေး ဆေးချလိုက်ပါတယ်နှော် ဖျော်ရည်အရသာမှာ အချဥ်ဓာတ်လေးပါပြီး ချိုချဥ်လေး ဖြစ်ချင်လို့😀 နာနတ်သီးကို ဖန် ပုလင်းထဲ ထည့်ထားပြီး သကြားကို အနေတော်လေး အရည်ကျိုပြီး အအေးခံ နာနတ်သီးမြုတ်တဲ့ထိ လောင်းထည့် အဖုံးပိတ်ပြီး ရေခဲသေတ္တာထဲထည့် ထားလိုက်ရုံပါဘဲ ၃ ရက်လောက်နေတော့ အရည်ထဲမှာ နာနတ်သီး သံပရာသီး အရသာလေးနဲ့ ချိုချဥ်လေး ဖြစ်သွားပါတယ် နှော် နာနတ်သီးအဖတ်လေးကလည်း ကျွတ်ကျွတ်လေးနဲ့ ရှယ်ဘဲ ထမင်းစားပြီးတိုင်း အချိုတည်းလို့ရ အကုန်ကျလဲ သက်သာ နာနတ်သီးတုံးခါနီးရင် အများကြီး လုပ်ထားဖြစ်တယ် ( သကြားက အရည်ကျဲလေးကို ကိုယ်ကြိုက်တဲ့ အချိုအနေထားလေးဘဲ ကျိ...