Labels

Showing posts with label ဝက်သားလုံးနှင့်ကြာစွယ်ဟင်းချိုချက်နည်း..😍. Show all posts
Showing posts with label ဝက်သားလုံးနှင့်ကြာစွယ်ဟင်းချိုချက်နည်း..😍. Show all posts

Sunday, August 21, 2022

ဝက်သားလုံးနှင့်ကြာစွယ်ဟင်းချိုချက်နည်း..😍


 ဝက်သားလုံးနှင့်ကြာစွယ်ဟင်းချိုချက်နည်း..😍

-------------------------------------

ပါဝင်ပစ္စည်းများ 

ဝက်သား (ကြိတ်ပြီး) – ၂၀ဝ ဂရမ် 

ကြာစွယ် (အသေး) – ၁ ခု 

အပ်မှို – အနည်းငယ် 

ကြက်သွန်ဖြူ – ၄ မြွှာ 

ချင်း – အနည်းငယ် 

ကြက်သားမှုန့် – စားပွဲဇွန်း ၁ ဇွန်း 

ဆား – လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း 

ငရုတ်ကောင်းမှုန့် – အနည်းငယ် 

ကော်မှုန့် – စားပွဲဇွန်း ၁/၂ ဇွန်း 

ကြက်သွန်မြိတ် – အနည်းငယ် 

ရေ (သို့) ဝက်ပြုတ်ရည် (သို့) ကြက်ပြုတ်ရည် – ၈၀ဝ မီလီလီတာ 

ပြုလုပ်နည်း 

၁။ ဦးစွာ ဒယ်အိုးထဲ ပြုတ်ရည်ထည့်ပြီး ဆူအောင်တည်ထားပါ။ 

၂။ ပြီးလျှင် ကြက်သွန်ဖြူ (ဓားပြားရိုက်)၊ ချင်း (ပါးပါးလှီး) တို့ကို ထည့်ပါ။ 

၃။ အရသာများထည့်ပါ။ ပြီးလျှင် ကြာစွယ်ကို အခွံနွှာပြီး ရေဆေးကာ ပါးပါးလှီးပါ။ 

၄။ ပြီးလျှင် ပြုတ်ရည်ထဲ ထည့်ပြီး ပြုတ်ပါ။ 

၅။ ဝက်သားလုံးလုပ်ဖို့အတွက် ဇလုံတစ်လုံးထဲ ဝက်သား (ကြိတ်ပြီး)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း)၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်)နှင့် ကော်မှုန့်တို့ကို ထည့်ပြီး နယ်ပါ။ 

၆။ ပြီးလျှင် အနေတော်အလုံးလုံးပြီး ထည့်ပြုတ်ပါ။ 

၇။ ဝက်သားလုံး ကျက်ပြီဆိုလျှင် အပ်မှိုထည့်ပါ။ 

၈။ အရသာအနေတော်ဖြစ်ပြီဆိုလျှင် ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

----------------------------

လေးစားလျှက်..crd

credit Eant Wint Htut

#ဟင်းချက်နည်းအမျိုးမျိုး