Skip to main content

Posts

Showing posts with the label ကိုရီးယားကင်ချီလုပ်နည်း

ကိုရီးယားကင်ချီလုပ်နည်း

 ကိုရီးယားကင်ချီလုပ်နည်း ။  စားလို့လဲကောင်း ထမင်းလဲမိန် အထားလဲခံတဲ့ ကင်ချီလုပ်နည်းလေး ။  စားချင်တယ် အရမ်းကြိုက်တယ် ကင်ချီမစိမ်တတ်ဘူးဆိုတဲ့ အိမ်ရှင်မတို့အတွက် အရသာရှိပြီး အရမ်းလွယ်ကူတဲ့ကင်ချီလုပ်နည်းလေး။ မခက်ခဲပဲ အကုန်ကျသက်သာလို့ အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်နော် ။  ပါဝင်ပစ္စည်း မုန်ညှင်းထုတ်- ၂ထုတ် မုန်လာဥနီ၁ လုံး မုန်လာဥဖြူ၁လုံး ချင်း၂ ကျပ်သား ပန်းသီးတခြမ်း ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၃ဇွန်း သကြားထမင်းဇွန်း၂ဇွန်း ငရုပ်သီးမှုန့်ထမင်းဇွန်း၃ဇွန်း ကြက်သွန်မြိတ်၅ပင် ကြက်သွန်နီ၂လုံး ကြက်သွန်ဖြူ၂ဥ နှမ်းအနည်းငယ် အငန်ဖေါက်ထားတဲ့ပုဇွန်အနည်းငယ် (သို့)ပုဇွန်ခြောက် ငါးငန်ပြာရည်ထမင်းစားဇွန်း ၃/၄ဇွန်း ဆားလိုသလောက် ပြုလုပ်ပုံ- ၁-မုန်ညှင်းဖြူထုတ်ကို သေးရင် ထက်ခြမ်း၊ ကြီးရင် လေးစိတ်ခွဲ၊ ရေနဲ့ဆေးကြောသန့်စင်ပြီး ရေစစ်၊ အရွက်အဖပ်ကြားတိုင်းကို ဆားဖြူး (သို့) ဆားများများ ကိုရေဖျော်ပြီး မုန်ညှင်းထုတ်ကို ၃/၄ နာရီ လောက်နှပ်မကြာခဏ အထက်အောက် လှန် ပေးပါ။ ဆားဖြူးရင်တော့ ရေပြန်ဆေးပြီး ရေညှစ်ပါ။ဆားရည်စိမ်ရင်တော့ ရေညှစ်ပါ။ ဇကာတခုမှာ ရေစစ်ထားပါ။ ၂- မုန်လာဥနီနဲ့ မုန်လာဥဖြူကို အချောင်းရှည် လေးတွေ လှီ...