Skip to main content

Posts

Showing posts with the label ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်)

ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်)

  ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်) ချက်နည်း .........  ငါးကွန်းရှပ်ခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး ရေစိမ်ထားပါ ......  ခရမ်းသီးသေးသေးလေးကို အစိပ်လေးတွေ စိပ်ပေးပြီး ချက်မယ့်အိုးထဲ ထည့်ပေးပါ ..... ငါးကွန်းရှပ်ခြောက်ကို ထည့်ပေးပါ ..... ပြီးရင်တော့ ငရုတ်သီးစိမ်းနည်းနည်း (မိမိကြိုက်သလောက်) ညှပ်ထည့်ပေးပါ ...... စိမ်းစားငပိ အနည်းငယ်ထည့်ပေးပါ ...... ဆားနဲ့ ၊ ဟင်းခပ်မှုန့် (အချိုမှုန့်) အနည်းငယ်ထည့်ပေးပါ ...... ဆီနည်းနည်းထည့်ပါ (ဆီမထည့်ဘဲလည်း ချက်တတ်ကြပါတယ်) ...... ရေကို လိုသလောက်လေး ချိန်ဆထည့်ပေးပါ ...... ပြီးရင်တော့ အဖုံးလေးဖုံးပြီး မီးဖိုပေါ်တင်ချက်ပေးရုံပါပဲ ...... ဟင်းအိုးဆူပြီး အရည်လေးခမ်းလာပြီဆိုရင် အပေါ့ ၊ အငံမြည်းပေးပါ ....... မိမိကြိုက်နှစ်သက်သလို အရသာလေးရပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး အဖုံးလေးဖုံးထားပေးပါ ...... ခဏလေးကြာရင်တော့ နံနံပင်နံ့ စိမ်းစားငပိနံ့လေးနဲ့ ခရမ်းသီးရဲ့ အချိုအရသာ ၊ ငါးကွန်းရှပ်ရဲ့ အချိုအရသာတွေနဲ့ လယ်ချက် စပ်စပ်လေးဟင်းတစ်ခွက်ကို ရပါပြီရှင် ..............  ရခိုင်ရိုးရာဟင်းတွေက ရခိုင်ဒေသထွက် ငပိတွေကို အဓိကသုံ...