Labels

Showing posts with label #ထမနဲထိုးနည်း. Show all posts
Showing posts with label #ထမနဲထိုးနည်း. Show all posts

Monday, October 3, 2022

#ထမနဲထိုးနည်း

 #ထမနဲထိုးနည်း

**************
ထမနဲ ထိုးရန်ဖို ••••• စာချိုးလို.မှာခဲ့မယ် •••
တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿသာဆီအမှန်သွင်းပါလို.
ချင်း(ဂျင်း) က သုံးဆယ်။
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အတူဖတ်ပါလို့
နှမ်းမပြတ်ဤနည်းနှယ်။
ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊
တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်
ရောနှောကလူအများတို့ရယ်
အားသစ္လို့ထိုး ...။
~~~~~~~~~~~~~~~~~~~~~~~~
ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်
( စကားချပ် )
(၁) ကောက်ညှင်းဆန်.......(၄)ပြည်
(၂ )မြေပဲ.......................(၈၀) ကျပ်သား..
(၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ
(၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား
(၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား..
(၆) ဆား.........................(၇) ကျပ်သား.
(၇) ချင်း..........................(၁၅) ကျပ်သား
ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။
မြေပဲတွေကို လှော်ပြီး အခွံတွေပြောင်စင်ပြီး နေအောင်သန်.စင်ပါ ။ ၂ ခြမ်းကွဲသွားအောင် လက်ဖနောင့်လေးနဲ ဖိလှိမ့်ထားပေးပါ။ (အလွယ်သုံးမြေပဲဆားလှော်တွေမသုံးပါနှင့် )
နှမ်းတွေကိုလည်း သန့်စင်ထားပြီး
(လိုအပ်ပါက) လှော်ထားပါ။
ဂျင်းတွေကိုအခွံခွါ၍ ရေဆေးပြီးလျှင်••••• မျှင်မျှင်လေးတွေလှီးပါ။
ရေစိမ်ထားတဲ့ကောက်ညှင်းတွေကို ဇကာနှင့်ရေစင်အောင်စစ်ထားပါ။
ပထမဆုံး မိုးဗြဲဒယ် မှာဆီကိုအပူပေးပြီး အုန်းသီးတွေကို ရွှေအိုရောင်ရအောင်ကြော်ပြီး ဆီစစ်ထားပါ ။
ထိုဆီထဲမှာပဲ ချင်းကို ဆီသတ်ပါ ။ အနံ့မွှေးပြီး နွမ်းလာလျှင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန် တွေကို ထည့်ပေါင်းကာ... သစ်သားယောင်းမ အရှည်နှင့်မွှေပေးပါ ( ကြော်ချင်ဟန်ပြု ပါ )
ဆီနဲ.တွေ့ပြီးကောက်ညှင်းတွေအကြောတင်းသွားပြီဆိုမှ...ဆားဖြင့်အရသာသွင်းပါ ၊
ကောက်ညှင်းဆန်အထက် ရေ လက်၂ဆစ်ခန့်
ထည့်ပြီးစကောကြီးကြီးများကိုလက်ကိုင်ကွင်း
တပ်ထားသောအဖုံးများနှင့် ဖုံးထားပါ ။
ရေမခမ်းခင်အထိတော့ (၁၀ ) မိနစ်တစ်ခါလောက်
ယောင်းမနဲ.နှံ..အောင်မွှေပေးရပါမယ်..။
ရေခမ်းသွားပြီဆိုရင်တော့မီးတောက်တွေကို
လျှော့ချပြီး..ငှက်ပျောဖက်အုပ်အဖုံး ၊ ဖုံးကာ
နှပ်ပေးရပါမယ်...။
ကျွမ်းကျင်သူတစ်ဦးက စမ်းသပ်ပြီးလို့ နှပ်ပြီ ဆိုကာမှ သစ်သားယောင်းမကိုင်ပြီး မွှေသူ၂ဦးရဲ့ ယောင်းမအရင်းကနေကိုင်ပြီး ကောက်ညှင်းတွေ ကို ပွတ်ချေပေးရပါတယ်။(ထိုအလယ်လူနေရာ ကို ထမနဲကျွမ်းကျင်သူ အိုးသူကြီးများကသာ တာ၀န်ယူတာများပါတယ် )
ထိုအချိန်မှပဲ အိုးသူကြီးညွှန်ကြားချက်အတိုင်း နှမ်း ၊ မြေပဲ ၊ အုန်းသီးကြော်(သို.) အစိမ်းများကို ထည့်ကာ သမသွားအောင် နယ်ပေးပါမှ ••••• ကောင်းမွန်တဲ့ ထမနဲ ကိုရရှိတာဖြစ်ပါတယ်..။