Labels

Showing posts with label ကြက်ဥပူတင်း ပြုလုပ်နည်း. Show all posts
Showing posts with label ကြက်ဥပူတင်း ပြုလုပ်နည်း. Show all posts

Tuesday, August 23, 2022

ကြက်ဥပူတင်း ပြုလုပ်နည်း


 ကြက်ဥပူတင်း ပြုလုပ်နည်း

━━━━━━━━━━━

(၁ဘန်းစာအချိုးကိုပဲရေးထားပါ

တယ်ပုံထဲကတော့ ၂ဘန်းလုပ်ထားလို့ပါ)


ကြက်ဥ= ၁၀လုံး(အနေတော်အရွယ်)

သေးရင် ၁လုံးပိုထည့်

နွားနို့ = ၁လီတာ

သကြား= ၁၀ကျပ်သား

ဂျုံမှုန့် = ၅ဇွန်း(ထမင်းစားဇွန်း)

ဆား= လက်ဖက်ရည်ဇွန်းတဝက်

ဗနီလာနံ့= ၁စက်

(မရှိရင် custard powder တဇွန်းလောက်

ထည့်ပါ)ကြက်ဥရဲ့ အနံ့မထွက်အောင်

ထည့်တာပါ

ထောပတ် =၁ဇွန်း(ထမင်းစားဇွန်း)


အရင်ဆုံး ကြက်ဥကို ကြေအောင်

ခေါက်မွှေပါ

သကြားနဲ့ နွားနို့ ဆားရောပြီး ၁၀မိနစ်

လောက်ထပ်မွှေပါ

ဂျုံ မှုန့်ကို ဇကာနဲ့ စစ်ပြီး ရောမွေပါ

အဖတ်တွေမဖြစ်အောင်ပါ

ဖုတ်မယ့်ဘန်း ကို ထောပတ်၁ဇွန်းနဲ့

နှံ့အောင်သုတ်ထားပါ

အိုးထဲထည့် မီးနဲနဲလေးနဲ့ ကြက်ဥရည်

ပျစ်လာအောင်ကျိုပါ

အဆက်မပြတ်မွေနေရပါမယ်

ဗနီလာ တစက်လောက်ထည့်ပါ

မိနစ် ၂၀လောက်

ကျိုရပါတယ် ပျစ်လာရင် ဖုတ်မယ့်ဘန်း

၉+၁၁လက်မ ထဲထည့် အပူချိန် ၁၆၀ံ

စင်တီဂရိတ် မိနစ်၃၀ဖုတ်ပါ

နီရောင်သမ်းလာရင် အအေးခံပါ

လုံးဝအေးသွားမှ ရေခဲသေတ္တာထဲ ၁နာရီ

လောက်ထည့်ပါ

မုန့်ဖြတ်ရတာ ပိုလွယ်ပါတယ်

(တခြားနည်းတွေလဲ ရှိပါတယ်

ဒါလေးကတော့ ဆွမ်းကပ်တာပဲဖြစ်ဖြစ်

အလှူပဲဖြစ်ဖြစ် ကျမတို့ မိုးကုတ်မြို့မှာ

အချိုပွဲအနေနဲ့ ထည့်ကြတာမို့ အဲ့ဒီ

နည်းလေးနဲ့ လုပ်ထားတာပါရှင်)

ပေါင်းလို့လဲရပါတယ် ဒါပေမယ့်

ဘန်းကကြီးလို့ ပေါင်းအိုးနဲ့ မဆန့်ရင်

တဝက်အချိုးနဲ့ လုပ်လို့ရပါတယ်

ကျမတို့ဆီမှာတော့ ပေါက်ဆီပေါင်းတဲ့

အိုးအကြီးနဲ့ ၁၀ဘန်း တပြိုင်နက်ပေါင်း

ကြပါတယ် ပြီးမှ အပေါ်မီး နဲနဲတင်လိုက်

တာပါရှင်


ဟင်းချက်နည်း၊မုန့်လုပ်နည်းကောင်းလေးတွေ


Credit - Yamin Thawdar See less