Labels

Showing posts with label ခရမ်းကစော့သီး ငါးပိချက်. Show all posts
Showing posts with label ခရမ်းကစော့သီး ငါးပိချက်. Show all posts

Sunday, August 21, 2022

ခရမ်းကစော့သီး ငါးပိချက်

 ဒီနေ့ညစာ...
ခရမ်းကစော့သီး ငါးပိချက်လေးကို ပင်စိမ်း နိုင်ချင်း အုပ်ပြီး ချက်တယ် 😍 

ချက်နည်းကလည်း လွယ်သမှလွယ်...ခရမ်းကစော့သီး / ခရမ်းကြွပ်သီးတွေကို အိုးထဲထည့်၊ စိမ်းစားငါးပိလေးက တစ်တုံး၊ ဆား၊ ငြုပ်အရောင်တင်မှုန့်နည်းနည်း၊  ပုစွန်ခြောက်လေးနည်းနည်းထောင်းထည့်၊ ကြက်သွန်ဖြူနီ နဲ့၊ ငြုပ်သီးလေးတွေ ခြမ်းကွဲထောင်းထည့်၊ ဆီပါလေကာထည့်၊ ရေစပ်စပ်ထည့်ပြီး လုံးချက်ပလိုက်ရုံပဲ။ ရေမခမ်းတခမ်းလောက်မှာ ပင်စိမ်း အုပ်ပြီး စားလို့ ရပါပြီ✌🏼

နန္ဒာတော့ ခုတလော ဘာရယ်ကြောင့်မှန်း မသိ...အသားကြီး ငါးကြီးတွေထက် ခုလို လွယ်လွယ်ကူကူ ချက်လို့ရ ပြီး စားမြိန်တဲ့ ငါးပိချက် နဲ့ အခြောက်ခြမ်းကြော်လေးတွေ၊ အသီးအရွက်လေးတွေကိုပဲ စားချင်စိတ်က ဓာတ်ကျနေတယ်။ အချက်တစ်လိုင်းတို့ရော?

Crd to owner