Labels

Showing posts with label ကြက်မဆလာခေါက်ဆွဲကြော်ပါ. Show all posts
Showing posts with label ကြက်မဆလာခေါက်ဆွဲကြော်ပါ. Show all posts

Sunday, August 21, 2022

ကြက်မဆလာခေါက်ဆွဲကြော်ပါ


 ကြက်မဆလာခေါက်ဆွဲကြော်ပါ 

💛
ကြက်သားအသားသက်သက်ကိုရေဆေး
သန့်စင်ပြီးအတုံးသေးသေး
လှီးကာဆားနနွင်းမဆလာ
အချိုမှုန့်နှင့်နယ်ထားပါ
ဂေါ်ဖီထုပ်မုန်လာဥနီခရမ်း
ချဉ်သီးတို့ကိုရေဆေးပြီး
အမျှင်လှီးထားပါ
ငရုတ်သီးစိမ်းကိုအညှာချွေလှီး
ထားပါ ကြက်သွန်နီကြက်သွန်
ဖြူချင်းတို့ကိုနုတ်နုတ်စင်း
ထားပါ ခေါက်ဆွဲလုပ်ပြီးသားကိုဈေးမှဝယ်ထားပါ
ဒယ်အိုးတလုံးမှာဆီထည့်၍
ဆီပူလာရင်ကြက်သွန်ဖြူနီ
ချင်းစင်းလှီးထားတာကိုနနွင်း
မှုန့်ငရုတ်သီးအစိမ်းမှုန့်ထည့်၍
ဆီသတ်ပါ အနံ့မွှေးလာရင်
ကြက်သားနယ်ထားတာထည့်ပါ ကြက်သားဆီပြန်ပြီးကျက်
လာအောင်ကြော်ပါကြက်သား
ကျက်ရင်အသီးအရွက်လှီးထားတာထည့်ပါ ရေနဲနဲထည့်ပါ ပဲငံပြာရည် ခရုဆီ
အချိုမှုန့်ထည့်ပါ မဆလာမွှေး
ထည့်ပါသမအောင်မွှေပေးပါ
အသီးရွက်ကျက်ရင်ခေါက်ဆွဲကိုထည့်ပြီးမွှေပေးပါပူစီနံရှိရင်အရွက်ချွေပြီးထည့်ပါ ငရုတ်သီးစိမ်းတောင့်ကိုလှီးပြီးထည့်ကာမွှေပေးပါ
အရသာမြည်းကြည့်ပါ အနေ
တော်ဆိုကြက်မဆလာခေါက်
ဆွဲကြော်ရပါပြီ
အချဉ်ကသခွားသီးကြက်
သွန်နီခရမ်းချဉ်သီးငရုတ်သီး
စိမ်းတို့ကိုရေဆေးပြီးပါးပါးလှီးကာပူစီနံရွက်ချွေထည့်
သံပုရာရည်ညှစ်ထည့်ဆား
သကြားနဲနဲထည့်ပြီးသမအောင်နယ်ပေးပါ အချဉ်
အတွက်ရပါပြီ
ကြက်မဆလာခေါက်ဆွဲကြော်
နှင့်အချဉ်တွဲစားလို့ရပါပြီ💛💛💛
စားကောင်းကြပါစေ
Crd 
See less