Labels

Showing posts with label မြေအိုးထမင်းပေါင်းလုပ်နည်း.... Show all posts
Showing posts with label မြေအိုးထမင်းပေါင်းလုပ်နည်း.... Show all posts

Tuesday, October 4, 2022

မြေအိုးထမင်းပေါင်းလုပ်နည်း...

 #


မြေအိုးထမင်းပေါင်းလုပ်နည်း...

🤤😋
==========================
အခု ချက်သလို မြေအိုးနဲ့ ထမင်းတန်းချက်မယ်ဆိုရင်တော့ မချက်ခင် ဆန်ကို ရေဆေးပြီး မိနစ် ၃၀ လောက် ရေထဲမှာစိမ်ပေးထားပါ။ ဒါဆို မြေအိုးထဲထည့်ချက်တဲ့အခါ အချိန် ၁၅ မိနစ်လောက် သိသိသာသာ
ပိုမြန်ပြီး ထမင်းတက်တာမြန်တယ်။
ဒါမဲ့ အိမ်မှာ မြေအိုးမရှိဘူး၊ ထမင်းပေါင်းအိုးနဲ့ပဲ တစ်ခါတည်းတန်းချက်မယ်ဆိုရင်တေ့ာ အဲ့လိုကြိုစိမ်စရာ မလိုဘဲ ပုံမှန်ချက်သလို တန်းထည့်ချက်လိုက်လို့ ရပါတယ်နော်။ဆန်တွေကို ရေစိမ်ထားတုန်း ထမင်းပေါင်းထဲထည့်မဲ့ အဆာပလာတွေကို ပြင်ဆင်မယ်။
ကြိုက်နှစ်သက်ရာ ဝက်သား/ကြက်သား/ပင်လယ်စာဖြင့် အစားထိုးချက်နိုင်သည်
ကြက်သားမြေအိုးထမင်းလုပ်နည်းလေးမျှဝေပေးမယ်နော်
ကိုယ်ကြိုက်တဲ့ မှိုတွေ နဲ့ အသီးအရွက်တွေ ထည့်ချက်လို့ရတယ်ဆိုပေမဲ့ ကြက်သားမြေအိုးထမင်းပေါင်းနဲ့ အလိုက်ဖက်ဆုံးက ခုလို -
- မုန်ညှင်းစိမ်း
- ကြက်အူချောင်း ( Readymade ကြိတ်သားနဲ့ ကြက်အူချောင်းတွေကို မသုံးဘဲ ခုလို ဗမာကြက်အူချောင်းခေါ်မလား..အာ့ကြက်အူချောင်းနဲ့ သုံးပေးနော်။ ချိုချိုလေးနဲ့ ပိုစားကောင်းတယ်။ )
- မှို ( အခြားမှိုတွေ မသုံးဘဲ ဒီ ရှိတာကီမှို လို့ခေါ်တဲ့ တရုတ်မှိုမဲလုံးခြောက်လေးတွေကို ရေအရင်စိမ်ပြီး ပွလာတော့မှ ခုလို ပါးပါးလှီးပေးလိုက်ပါ...အဲ့ထမင်းပေါင်းမှာ အဲ့မှိုက အသက်နော်)
အားလုံးပြီးရင် အပေါ်က ဖြူးဖို့ ပါးပါးလှီးထားတဲ့ -
- ကြက်သွန်မြိတ်
- ငြုပ်ပွသီး အနီ ( မပါလည်းရ )
- ဂျင်းမျှင်မျှင်လေးတွေ ပါ။
အိုကေ...အခု ကြက်သားနှပ်မယ်နော်။ ဒီ ကြက်သားမြေအိုးထမင်းပေါင်းအတွက်ဆို ကြက်ရင်အုံသားတွေ ဘာတွေထက် ကြက်ပေါင်ရင်းသားကို သုံးပြီးချက်ရင် ပိုကောင်းပါတယ်။ ဘာလို့ဆို ရင်အုံသားက အသားများပေမဲ့ ချက်လိုက်ရင် ခပ်ခြောက်ခြောက်ဖြစ်ပြီး သိပ်မနူးညံ့ဘူးရယ်။ ဒီလို ပေါင်တံအရင်းပိုင်းက အသားလေးတွေကကျ နူးညံ့ပြီး အရသာလည်း ပိုရှိတော့ မြေအိုးထမင်းနဲ့ ကွက်တိ
အဲ့တော့ ပေါင်ရင်းသားလေးတွေကို အသားပဲရအောင် လှီးထုတ်ပြီး လက် ၃ လုံးစာ အရွယ်အစားလောက် လှီးဖြတ်ပေးထားပါ။ ခု
နှပ်ပြမဲ့ ကြက်သားတွေလောက်ဆို
လူ ၂ ယောက်လောက် အေးဆေးစားလို့ရပါတယ်နော်
ပြီးရင် ကြက်သားထဲကို အရသာစိမ့်ဝင်အောင် နှပ်ဖို့ လိုတာတွေက အိမ်တိုင်းမှာ ရှိတဲ့ -
- ပဲငံပြာရည် အပျစ်/အနောက် (Dark Soy Sauce)
- ပဲငံပြာရည် အကျဲ ( Light Soy Sauce
- နှမ်းဆီ
- ခရုဆီ
- ညက်နေအောင် ထောင်းထားတဲ့ ဂျင်းနည်းနည်း
- ငြုပ်ကောင်းမှုန့် (White Pepper)
- သကြား အနည်းငယ်တို့ ဖြစ်ပါတယ်။
အာ့တွေအား
credit