Skip to main content

Posts

Showing posts with the label α€›ှူးα€›ှူးα€›ှဲα€›ှဲ ငါးα€žံပုα€›ာပေါင်းချဉ်စပ်πŸ˜‹πŸ˜‹πŸ˜‹

α€›ှူးα€›ှူးα€›ှဲα€›ှဲ ငါးα€žံပုα€›ာပေါင်းချဉ်စပ်πŸ˜‹πŸ˜‹πŸ˜‹

 α€›ှူးα€›ှူးα€›ှဲα€›ှဲ ငါးα€žံပုα€›ာပေါင်းချဉ်စပ်πŸ˜‹πŸ˜‹πŸ˜‹ ငါးα€žံပုα€›ာပေါင်း α€œုပ်α€”α€Š်း α€™ေးထားတဲ့α€žူတွေ ထတွα€€် #α€›ှုးα€›ှဲငါးα€žံပုα€›ာပေါင်း ထရင်ဆုံး ငါး တစ်α€€ောင်α€œုံးα€€ို ဆားα€”ဲ့ α€žံပုα€›ာα€žီးα€‘α€›α€Š်α€Šှα€…်ပြီး α€žα€™α€‘ောင် ပွတ်ပြီး ဆေးပေးရပါα€™α€š် α€‘α€Šှီထချွဲတွေ ပျောα€€်ပြီဆို ဂျင်းα€€ို ထောင်းα€›α€œာတဲ့α€‘α€›α€Š်α€€ို ငါးα€€ို α€”ေα€›ာထနှံ့ ပွတ် α€€ြα€€်α€žားα€™ှုα€”့်α€œေးα€œα€Š်း α€”ေα€›ာထနှံ့ပွတ်ပြီး ပေါင်းပေးရပါα€™α€š် ထမင်းပေါင်းထိုးထဲ α€›ေα€‘α€Š့် ပေါင်းတဲ့ α€‘α€œα€š်ထကန့်α€œေး တင် စတီးပန်းα€€α€”်ပြား α€œေးထဲα€™ှာα€™ှ ငါးα€€ိုα€‘α€Š့်ပြီးပေါင်းပေးα€›ုံα€˜ဲα€”ော် ငါးပေါင်းပြီးα€œို့ ထွα€€်α€œာတဲ့ α€‘α€›α€Š်α€€ိုα€žွα€”်ပစ် ငါးα€€ိုထထေးခံ ထန်းα€œျα€€် α€”ဲ့ ငရုတ်α€žီးထနီα€€ို α€Šα€€်ထောင်ထောင်း ( α€™ြေပဲα€‘α€Š့်α€œျှင်α€› α€žို့α€žော် ထချဉ်ပေါ့α€žွားα€™α€Š်ဆိုး၍α€™α€‘α€Š့်တော့ပါα€–ူး ) α€€ြα€€်α€žားα€™ှုα€”့် ငံပြာα€›α€Š် α€žံပုα€›ာα€›α€Š် ထချိုα€™ှုα€”့် α€›ေα€”ွေး α€‘α€”α€Š်းα€„α€š် α€‘α€Š့်ပြီး ဆော့α€…်α€–ျော်ပေးရပါα€™α€š်။ ပြီးα€™ှ ထောင်းထားတဲ့ ထန်းα€Šα€€်α€”ဲ့ ငရုတ်α€žီးတွေα€‘α€Š့် α€”ံα€”ံပင် ပူတီα€”ံ α€€ြα€€်α€žွα€”်α€–ြူ α€œေးα€œှီးပြီး α€žα€™α€‘ောင်α€™ွှေ ဆော့α€…်ရပြီဆို ငါးပေါင်းα€€ို α€‘α€œα€š်α€™ှာထား ဆော့α€…်α€‘α€›α€Š်တွေ α€œောင်းချ α€žံပုα€›ာα€€ွင်းα€œေးတွေα€”ဲ့α€‘α€œှဆင် α€…ားချင်α€…α€›ာ α€›ှုးα€›ှဲငါးα€žံပုα€›ာပေါင်းα€œေးရပါပြီ။ ထန်းα€œျα€€်α€™α€€ြိုα€€်ရင် α€žα€€ြားထစားထိုးα€žုံးα€œို့α€›α€α€š်α€”ော် fri တို့α€›ေ cre...