အာလူးချောင်းကြော်
ပါဝင်ပစ္စည်း
---------------
အာလူး - တစ်ပိသာ
ရေခဲရေ - တစ်ဇလုံ
ဆား - အနည်းငယ်
ငရုတ်ကောင်း - အနည်းငယ်
ဆီ ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.အာလူးကိုရေဆေးအခွံသင်သန့်စင်ပြီးရေစိမ်ထားပါပြီးလျှင်ပုံတွင်ပြထားသည့်အရွယ်အစားအတိုင်းညီညာစွာလှီးဖြတ်ပြီးရေစိမ်ထားပါ။ရေနွေးအိုးတအိုးအသင့်တည်ထားပါ။
2.အားလုံးလှီးဖြတ်ပြီးပါကရေ၃ခါဆေးကာရေစစ်ထားပါ။
3.တည်ထားသောရေဆူပွက်ပါကရေစစ်ထားသောအာလူးကိုထည့်ပြီး၂မိနစ်ခန့်ပြုတ်ပါ။
4.ရေခဲရေတဇလုံအသင့်ပြင်ထားပါ။၂မိနစ်ပြည့် ပါကဆယ်ယူပြီးရေခဲရေတွင်လုံးဝအေးအောင်စိမ်ထားပါ။အေးလျှင်ဆယ်ယူရေစစ်ထားပါ။
5.ဆီပူအိုးအသငျ့တညျထားပွီးဆီပူပါကရစေစျထားသောအာလူးကိုထညျ့ကွောျပါ။မြားနလြှေငျခှဲေ ကွာျပါ။
6.အာလူးချောင်းလေးများဖြူပြီးဆီပေါ်ပေါလာသည်ထိ၄မိနစ်မှ၅မိနစ်ခန့်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။(ကြွပ်အောင်နီအောင်မကြော်ရ)
7.အားလုံးကြော်ပြီးဆီစစ်ပါကဆီစုပ်စက္ကူဖြင့်ခြောက်အောင်ပြုလုပ်ပြီးဘမ်းတခုတွင်သေချာထည့်ပြီးရေခဲသေတ္တာအခဲခန်းတွင်၃နာရီမှတညထည့်ထားပါ။
8.သုံးဆောင်လိုသောအချိန်တွင်ဆီပူအိုးတည်ပြီးရေခဲသေတ္တာမှထုတ်ယူကာဆီပူတွင်ကြွပ်ရွပြီးရွှေဝါရောင်သမ်းသည်ထိကြော်ကာဆယ်ယူဆီစစ်ပြီးငရုတ်ကောင်းဆားဖြူးကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀သုံးဆောင်လိုသောအချိန်အသင့်ဖြစ်အောင်ရေခဲသေတ္တာတွင်တခါကြော်စာအထုပ်လေးများထုပ်ကာအခဲခန်းတွင်သိမ်းဆည်းနိုင်ပါတယ်ေနာ်။
Crd