Skip to main content

Posts

Showing posts with the label ဆေα€•α€Šာ

ရင်α€˜α€€်ထောα€€်ခြင်း၏ထကြေင်း

ရင်α€˜α€် ထောင့်ခြင်း (Chest Pain) α€žα€Š် ရင်α€˜α€် α€‘α€œα€š် α€α€Š့်α€α€Š့် α€”ေα€›ာ တခု α€α€Š်း၌ ထောင့်ခြင်း α€€ိုα€žာ ဆိုα€œိုခြင်း α€™α€Ÿုတ်ပဲ ရင်α€˜α€်တခု α€œုံးα€žာမကရင်α€˜α€်α€”ှင့် ဆက်စပ်α€œျα€€် α€›ှိα€žα€Š့်တခြား ထစိတ်ထပိုင်းα€™ျား ထထိ ပြα€”့်α€”ှံ့ပြီး ထောင့်ခြင်း၊ ထိုးခြင်း၊α€”ာα€€ျင် α€€ိုα€€်ခဲခြင်း ထားα€œုံးα€€ို ဆိုα€œို ပါα€žα€Š်။ ရင်α€˜α€် ထောင့်ခြင်းα€žα€Š် ထကြောင်း ထမျိုးα€™ျိုး α€€ြောင့် α€–ြα€…်α€”ိုင်ပြီးဆရာဝန်α€™ှ ထတိထကျ α€›ောဂါ ခွဲခြား α€žα€်α€™ှတ် ခြင်း (Diagnosis) α€€ို α€œုပ်ပြီး α€™ှα€žာ α€™α€Š်α€žα€Š့် α€›ောဂါထမျိုး ထစား α€–ြα€…်α€žα€Š်α€€ို α€žα€်α€™ှတ်α€”ိုင်α€™α€Š် α€–ြα€…်ပါα€žα€Š်။α€žို့α€žော် α€œα€Š်း ရင်α€˜α€် ထောင့်α€žα€Š့် ဝေα€’ α€”ာα€€ို α€™α€€ြာ ခဏ ခံα€…ား α€”ေα€›α€žူ တချို့α€žα€Š် α€›ောဂါ α€€ို ဆရာဝန်α€”ှင့်ပြပြီး α€›ောဂါထဖြေα€™α€›ှာပဲ α€™ိα€™ိα€€ိုα€š် α€™ိα€™ိα€”ှα€œုံး α€›ောဂါ (α€žို့) ထစာထိα€™်α€›ောဂါ α€…ွဲကပ်α€”ေα€žα€Š်α€Ÿု ထင်α€™ှတ်α€”ေα€€ြ ပြီး ပတ်ဝန်း α€€ျင်α€™ှ ထကြံ ပေးα€žα€Š့် α€™ိα€™ိα€žα€”်α€›ာ α€”α€Š်းα€™ျား α€–ြင့် α€€ုα€žα€”ေα€€ြα€žα€Š်α€€ို α€™α€€ြာခဏ α€€ြားα€žိ α€”ေရပါ α€žα€Š်။ ထို့α€€ြောင့် ရင်α€˜α€် ထောင့်α€žα€Š့် ဝေα€’α€”ာα€€ို ခံα€…ား α€”ေα€žူα€™ျား ထားα€œုံး ထတွα€€် α€—α€Ÿု α€žုတ α€œို့ငှာ Dr. Warwick Carter α€›ေးα€žား α€žα€Š့် Home Doctor ထဲα€™ှ α€€ောင်းα€”ိုး α€›ာα€™ျားα€€ို α€€ောα€€်α€”ှုတ်၍ ပြုα€…ု တင်ပြα€œိုα€€်ပါα€žα€Š်။ရင်α€˜α€် ထောင့်ခြင်း α€žα€Š် ထဆုပ် (α€žို့) α€”ှα€œုံးα€”ှင့် ပတ်α€žα€€်ပြီး α€–...