ဂျူံ ခေါက်ဆွဲကြော်(ဟောင်ကောင် စတိုင်)
.............................
ရွှေမြင်းပျံ ဂျူံ ခေါက်ဆွဲခြောက်ကို သုံးထားပါတယ်။
ဟောင်ကောင်စတိုင်လ်ကြော်ထားတဲ့အတွက်
ကြက်ဥမထည့်ထားပါဘူး။
နှစ်သက်ရင်တော့ ထည့်နိုင်ပါတယ်နော်။
ခေါက်ဆွဲကြော်တပွဲစာအတွက်
လိုအပ်တာတွေကတော့
ကြက်သို့မဟုတ်ဝက်သား... ၅ကျပ်သား
မုန်လာဥနီ.........အနည်းငယ်
ရွှေပဲသီး.............အနည်းငယ်
မုန်လာထုပ် ......အနည်းငယ်
ကောက်ရိုးမှို ......အနည်းငယ်
ကြက်သွန်မြိတ်... အနည်းငယ်
ကြာညို့ (sweet soya sauce).ထမင်းစားဇွန်း၂ဇွန်း
ပဲငံပြာရည် အနှောက်-(dark sauce)။.............၁ဇွန်း
ခရုဆီ.......................ထမင်းစားဇွန်း၁ဇွန်း
ငံပြာရည်အကြည်......ထမင်းစားဇွန်း၁ဇွန်း
ငရုတ်ကောင်းမှုန့် ......အနည်းငယ်
နှမ်းဆီ.......................အနည်းငယ်
ဆား..........................အနည်းငယ်
ဟင်းခတ်မှုန့်...............အနည်းငယ်
ပြင်ဆင်ရန်နှင့်ကြော်ရန်
.......................................
ဂျူံ ခေါက်ဆွဲခြောက်တဝက်ကို
အိအောင်ပြုတ်၍ ရေစစ်ထားပါ။
မုန်လာဥနီ၊ ရွှေပဲသီး၊ မုန်လာထုပ်၊
ကောက်ရ်ိုးမှို၊ ကြက်သွန်နီနှင့်
့ ကြက်သွန်မြိတ်အနည်းငယ်စီတို့ကို လှီးဖြတ်ထားပါ။
ကြက်သားသို့မဟုတ် ဝက်သား၅ကျပ်သားခန့်ကို
မထူမပါးလှီး၍ဆား၊ ဟင်းခတ်မှုန့်၊
ငရုတ်ကောင်းမှုန့်တို့ဖြင့် နှယ်နှပ်ထားပါ။
ဆီပူအောင်အရင်တည်၍
အသားအရင်ထည့်ကြော်ပါ။
အသားတင်း၍ ကျက်ခါနီး ကြက်သွန်နီထည့်၊
အသီးရွက်တွေ ထည့်မွှေပါ။
အသီးရွက် ကျက်ခါနီး ခေါက်ဆွဲထည့်၊
ငံပြာရည်အကြည်၊ အနှောက်
ခရုဆီ၊ ကြာညို့ တို့ထည့်ပါ။
အရောင်တွေနံ့ပြီး အရသာအနေတော်ဆိုရင်
နှမ်းဆီ၊ကြက်သွန်မြိတ်နှင့်
့ ငရုတ်ကောင်းမှုန့်ထည့်မွှေပြီး ချပါ။
နှမ်းဆီကအနံ့မွှေးဖို့အတွက်ပဲသုံးတာမို့လို့
လက်ဖက်ရည်ဇွန်းတဝက်စာပဲထည့်ပါနော်။
ပြီးရင် ကြက်သွန်ချဉ် သို့မဟုတ် နှစ်သက်ရာ
အချဉ်တမျိူ းမျိူ းဖြင့်တွဲစားနိုင်ပါပြီ။
Crd.Mogok Thu