Labels

Showing posts with label အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးပါ. Show all posts
Showing posts with label အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးပါ. Show all posts

Wednesday, August 17, 2022

အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးပါ


 အုန်းနို့ခေါက်ဆွဲ (ပွဲ ၁၀ဝ စာ) ချက်နည်းလေးပါ 

----------------------------------------

 ပါဝင်ပစ္စည်းများ 

- အုန်းနို့ခေါက်ဆွဲဖတ်        - ၈ ပိဿာ.

- ကြက်သား                       - ၂ ပိဿာ

- ငါးဖယ်                            - ၁ ပိဿာ.

- ဘဲဥ                                 - အလုံး ၅၀

- ပဲစိမ်းမှုန့်                          - ၈၀ ကျပ်သား.

- ငရုတ်သီးအရောင်တင်မှုန့်   - ၂၀ ကျပ်သား

- ဆီ                                   - ၃၀ ကျပ်သား.

- အုန်းသီး (သို့) နို့စိမ်း       - ၈ လုံး (သို့) ၈ ဘူး

- သကြား        - စားပွဲဇွန်း ၁၆ ဇွန်း (မောက်မောက်). 

- ဆား              - စားပွဲဇွန်း ၁၀ ဇွန်း (မောက်မောက်)

- အရသာမှုန့်     - စားပွဲဇွန်း ၅ ဇွန်း (မောက်မောက်). 

- ကြက်သွန်နီဥသေး     - ၂ ပိဿာ (ထည့်ရန်)

- နနွင်းမှုန့်                     - စားပွဲဇွန်း ၁ ဇွန်း.

- မုန်ြွ့ကပ်ကြော်           - ၅၀ ကျပ်သား

- ကြက်သွန်နီဥကြီး   - ၁ ၁/၂ ပိဿာ (အစိမ်းထည့်စားရန် ပါးပါးလှီး). 

- ရှောက်သီး              - ၁၅ လုံး (အရည်ရွှမ်းရွှမ်း)

- ငရုတ်သီးလှော်မှုန့်      - ၃၀ ကျပ်သား

- ယိုးဒယားငံပြာရည်    - ၁ လုံး (အလယ်တည်ရန်)

- ကြက်သွန်ဖြူဗမာဥ    - ၅ ဥ

- ပဲကြော်                       - ၁၀ဝ ချပ်.

- ရေ      - (ဆန် ၁ ပြည်ချက် အိုးတစ်ဝက်ပါ) ၈ လုံး.

(အပျစ်အကျဲအတွက် ထပ်လိုက်နိုင်ပါတယ်။ ပဲစိမ်းဖျော်ရာမှာလည်း ရေပါဝင်မှာဖြစ်တဲ့အတွက် ပျစ်လျှင် ရေနွေးလိုက်လို့ ရပါတယ်။ မကျဲအောင် ဂရုစိုက်ပါ။). 

ချက်ပြုတ်နည်း 

၁။ ကြက်သားကို အခြမ်းလိုက် ရေဆေးပြီး ရေစစ်ထားပါ။ .

ရေနွေးအိုး တည်ပြီး ဆူလာလျှင် ကြက်သွန်ဖြူဥအတိုင်း အပေါ်ခွံချွတ်ပြီး ရေဆေး၍ ၂ ဥ ထည့်ပါ။ ဆား စားပွဲဇွန်း ၁ ဇွန်း ထည့်ပြီး ကြက်သားထည့် ပြုတ်ပါ။ အစိမ်း မကျန်ဘဲ ခပ်တင်းတင်းလေး နူးလာလျှင် ဆယ်ယူပြီး အအေးခံ၍ အဖတ် ကြီးကြီးတွေ လွှာထားပါ။ .

၂။ ဘဲဥကို ပြုတ်ထားပါ။ .

၃။ ပဲစိမ်းမှုန့်ကို အလုံးအခဲမကျန်အောင် ရေဖျော် ထားပါ။ .

၄။ ကြက်ပြုတ်ရည်ထဲ ချင်း၊ ကြက်သွန်ဖြူရည်၊ ဆား၊ အရသာမှုန့်နယ်၍ စေး အောင် ပေါက်ထားသော ငါးဖယ်များကို ခပ်ကြီးကြီး ပြားပြီး ထည့်ပြုတ်ပါ။ အပေါ်ပေါ်လာလျှင် ခဏထား၍ ဆယ်ထုတ်ပြီး အနေတော်လေးတွေ လှီးထားပါ။ .

၅။ ဆီပူအိုးတည်ပြီး ပူလာလျှင် မုန့် ကြွပ်ကြော်ပြီး ဆယ်ယူ ထားပါ။ အေးလျှင် လေလုံသောဘူး (သို့) အိတ်ထဲထည့်ပြီး လေလုံအောင် သိမ်းပါ။ 

၆။ ကျန်ဆီထဲ ကြက်သွန်ဖြူ ၃ ဥကို မညက်တညက် ထောင်းပြီး ဆီသတ်ပါ။ နနွင်းမှုန့်ထည့်ပါ။ ကြက်သွန်ဖြူရနံ့မွှေးလာလျှင် ငရုတ်သီးအရောင်တင်မှုန့် ထည့်ပြီး လွှာထားသော ကြက်သားများထည့်ပါ။ 

၇။ ဆား စားပွဲဇွန်း ၁ ဇွန်း၊ သကြား ၁ ဇွန်း ထည့်ပါ။ မွှေးလာလျှင် ဆယ်ယူလို့ရ ပါပြီ။ ရေချိန်ကို ကြက်ပြုတ်ရည်အပါ အပေါ်မှာပြထားသည့်အတိုင်း ထည့်ပါ။ 

၈။ ဆူလာလျှင် ဖျော်ထားတဲ့ ပဲစိမ်းမှုန့်ထည့်ပြီး နာနာမွှေ၍ မီးမှန်မှန်နဲ့တည်ပါ။ ပဲစိမ်းက အိုးကပ်ပြီး တူးတတ်ပါတယ်။ ပဲစိမ်းနံ့ပျောက်လျှင် အုန်းနို့ရည် လောင်းပါ။ 

၉။ ကြက်သား၊ ငါးဖယ်၊ ပြုတ်ထားတဲ့ဘဲဥကို ပါးပါးလှီးထည့်ပြီး ကြက်သွန်ဥ ထည့်ပါ။ အရသာမှုန့်၊ ဆား၊ သကြားထည့်ပြီး အပျစ်အကျဲ မှန်းဆပါ။ အရသာမြည်းပါ။ ပွက်ပွက်ဆူလာလျှင် ရပါပြီ။ 

ပွဲပြင်ရန်မှာ 

- ခေါက်ဆွဲဖတ် အနေတော် ဖြတ်ထားပါ။ 

- ကြက်သွန်နီဥကြီးကို ပါးပါးရိပ်ရိပ် လှီးပြီး ရေဆေး ထားပါ။ 

- ရှောက်သီးလှီးထားပါ။

- ငံပြာရည်၊ ငရုတ်သီးလှော်မှုန့် နှင့် မုန့်ကြွပ်ကြော်၊ ပဲကြော်ထည့်ပီး သုံးဆောင်နိုင်ပါသည်။.

Credit to Original

Photo Credit