ဒီနေ့တော့သူငယ်ချင်းတို့ကိုကျွန်မအဘွားဖြစ်သူရဲ့သရက်သီးသနပ်လုပ်နည်းလေးမျှဝေပါရစေ။အဘွားဆီကတဆင့်အမေကသင်ယူခဲ့ပြီး ခုကျွန်မကအမေ့ဆီကနေပြန်လည်သင်ယူခဲ့တာပါ။ #သရက်သီးသနပ် ပါဝင်ပစ္စည်း ၁။သရက်သီးစိမ်း-၄လုံး (အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ် စိုင်သီး (သို့)ရင်ကွဲသီး) ၂။ဆီ-၄၀ကျပ်သား ၃။ဂျင်း-လက်တဆစ် ၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း ) ပဲနံ့သာစေ့အရသာမနှစ်သက်သူများ အခွံချွတ်ထားတဲ့မုန်ညင်းစေ့ကို အစားထိုးပြုလုပ်နိုင်ပါတယ်နော်။ ၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂ (ထမင်းစားဇွန်း) ၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း) ၇။ဆား-၃(ထမင်းစားဇွန်း) ၈။ကြက်သွန်ဖြူ – ၅ကျပ်သား ပြုလုပ်နည်း ၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက် အောင်အဝတ်နဲ့သုတ်ပါ။ပြီးရင်ထက်ခြမ်းခြမ်း ပြီးတခြမ်းကို၈စိတ်စိတ်ပါ။ ၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီး တနာရီလောက်လေသလပ်ခံထားပါ။ ၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲ ခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကို လည်းသန့်စင်ပြီးနေလှန်းပါ။ ၄။နေလှန်းပြီးကျွတ်နေတဲ့ပဲနံ့သာစေ့ကိုမညက် တညက်အမှုန့်ကြိတ်ပါ။ ၅။ဇီယာကိုညက်အောင်အမှုန့်ကြိတ်ပါ။ ၆။ဆီပူအောင်တည်ပြီးဂျင်းကိုအမျှင်ခြစ်ထည့် ပြီးဆီသတ်ပါ။ ၇။ဆီဆူပွက်လာရင်မီးပေါ်ကအောက...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈