Translate(ဘာသာပြန် )t🤦‍♂️🤦‍♂️🤦‍♂️😤

Monday, December 19, 2022

#သရက်သီးသနပ်

 ဒီနေ့တော့သူငယ်ချင်းတို့ကိုကျွန်မအဘွားဖြစ်သူရဲ့သရက်သီးသနပ်လုပ်နည်းလေးမျှဝေပါရစေ။အဘွားဆီကတဆင့်အမေကသင်ယူခဲ့ပြီး

ခုကျွန်မကအမေ့ဆီကနေပြန်လည်သင်ယူခဲ့တာပါ။


#သရက်သီးသနပ်

ပါဝင်ပစ္စည်း

၁။သရက်သီးစိမ်း-၄လုံး

(အစေ့ယှက်ပြီးအရှည်လက်တဝါးစာအရွယ်

စိုင်သီး (သို့)ရင်ကွဲသီး)

၂။ဆီ-၄၀ကျပ်သား

၃။ဂျင်း-လက်တဆစ်

၄။ပဲနံ့သာစေ့-၁၂ (ထမင်းစားဇွန်း )

ပဲနံ့သာစေ့အရသာမနှစ်သက်သူများ အခွံချွတ်ထားတဲ့မုန်ညင်းစေ့ကို အစားထိုးပြုလုပ်နိုင်ပါတယ်နော်။

၅။ငရုတ်သီးအရောင်တင်မှုန့်-၁ ၁/၂

(ထမင်းစားဇွန်း)

၆။ဇီယာ-၁ ၁/၂ (ထမင်းစားဇွန်း)

၇။ဆား-၃(ထမင်းစားဇွန်း)

၈။ကြက်သွန်ဖြူ – ၅ကျပ်သား

ပြုလုပ်နည်း

၁။သရက်သီးကိုအလုံးလိုက်ရေဆေးပြီးခြောက်

အောင်အဝတ်နဲ့သုတ်ပါ။ပြီးရင်ထက်ခြမ်းခြမ်း

ပြီးတခြမ်းကို၈စိတ်စိတ်ပါ။

၂။စိတ်ပြီးသားသရက်သီးကိုဇကာထဲထည့်ပြီး

တနာရီလောက်လေသလပ်ခံထားပါ။

၃။ပဲနံ့သာစေ့ကိုခဲသဲ့ရေဆေးသန့်စင်ပြီးနေပူထဲ

ခြောက်သွေ့ပြီးကျွတ်အောင်လှန်းပါ။ဇီယာကို

လည်းသန့်စင်ပြီးနေလှန်းပါ။

၄။နေလှန်းပြီးကျွတ်နေတဲ့ပဲနံ့သာစေ့ကိုမညက်

တညက်အမှုန့်ကြိတ်ပါ။

၅။ဇီယာကိုညက်အောင်အမှုန့်ကြိတ်ပါ။

၆။ဆီပူအောင်တည်ပြီးဂျင်းကိုအမျှင်ခြစ်ထည့်

ပြီးဆီသတ်ပါ။

၇။ဆီဆူပွက်လာရင်မီးပေါ်ကအောက်ချပြီး

ပဲနံ့သာအမှုန့်၊ဇီယာမှုန့်နဲ့ငရုတ်မှုန့်ထည့်ပြီး

မွှေပါ။ဆီအဆူရပ်သည်အထိမွှေပါ။ဆီနည်း

နည်းအေးလာပြီဆိုမမွှေတော့ဘဲဆီအေး

သည်အထိထားပါ။

၈။ဆီတခါထဲအေးပြီဆိုဆားထည့်မွှေပါ။

၉။သရက်သီးကိုခြောက်သွေ့တဲ့ဇလုံတခုထဲ

ထည့်ပြီးဆီထဲကအနှစ်တွေထည့်ကာနှံ့စပ်

အောင်လက်အခြောက်နဲ့ဆုပ်နယ်ပါ။

ကြက်သွန်ဖြူပါထည့်နယ်ပါ။

၁၀။ကျန်တဲ့ဆီပါထည့်ပြီးနှံ့အောင်နယ်ပါ။

၁၁။ခြောက်သွေ့နေတဲ့ပုလင်းထဲထည့်ပြီးလေ

လုံအောင်ထားပါ။

တပတ်လောက်နေရင်ထမင်းစားမြိန်စေမယ့်

သရက်သီးသနပ်လေးကိုရပါပြီနော်။

မှတ်ချက်။ ။သရက်သီးသနပ်ထည်ု့ပြီးတရက်

လောက်နေရင်ပုလင်းကိုကြည့်

ကြည့်ပါ။ဆီမမြုပ်နေဘူးဆို

နောက်ထပ်ဆီကိုဆူအောင်တည်

အအေးခံပြီးတခါထဲအေးပြီဆို

သရက်သီးသနပ်အပေါ်ကနေဆီ

မြုပ်အောင်ထည့်ပါ။

ဆီမမြုပ်ရင်မှိုလိုက်တတ်ပါတယ်။

ဇီဇဝါpageကိုဖတ်ရှုအားပေးသူအားလုံးကို

ကျေးဇူးတင်ပါတယ်။

အဆင်ပြေကြပါစေ။

#ဇီဇဝါ..လေးစားလျှက်..crd. Credit

No comments:

Post a Comment