Skip to main content

ငရုတ်သီးစိမ်းရခိုင်ချက်

 


ငရုတ်သီးစိမ်းရခိုင်ချက်

----------------------------------

   ရခိုင်ဟင်းလျာတွေဟာ ဆီအသုံးနည်းပြီး ပူပူစပ်စပ်ကလေးနဲ့ ချဉ်ငန်စပ်

အရသာကဲလို့ နှုတ်မြိန်စေတဲ့အတွက် အကြိုက်များကြတာ ဖြစ်ပါတယ်။ ငရုတ်သီးကို ရခိုင်ရိုးရာပုံစံချက်ထားတဲ့ ငရုတ်သီးချက်က အတို့အမြှုပ်စုံစုံလင်လင်နဲ့ စားကြတဲ့ 

အခါ  ထမင်းဝိုင်းမှာ ငရုတ်သီးချက်တစ်ခွက်နဲ့တင် အခြားဟင်းအမည်များ မလိုအောင် ပြည့်စုံတယ်လို့ ကြိုက်နှစ်သက်သူများက ပြောကြပါတယ်။

ပါဝင်ပစ္စည်းများ

• ငရုတ်သီးစိမ်းတောင့်  -  ၁၀ ကျပ်သား

• ရေငန်ငါး (ပင်လယ်ငါး)  -  ၁၀ ကျပ်သား

• မျှင်ငါးပိ  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

• မန်ကျည်းသီး  -  ခုံညင်းလုံးခန့်

• ဆား၊ နနွင်းမှုန့်၊ နံနံပင်  -  သင့်ရုံ

ပြုလုပ်နည်း

၁။ ငရုတ်သီးရခိုင်ချက် ချက်ရန် မည်သည့် ပင်လယ် ငါးမျိုးမဆို သုံးနိုင်ပါသည်။ ရေချိုငါးများနှင့်

လည်း ချက်နိုင်ပါသည်။ ငါးကို သန့်စင်အောင် ဆေးကြောပြီး ဆားနှင့် နနွင်းမှုန့်ထည့်၍ ရေနှင့် ပြုတ်ပြီး အရိုးဖယ်ကာ အသားနွှင်ထားပါ။ ဆီကို သီးခြားမသုံးဘဲ ငါးမှထွက်သည့် သဘာဝအဆီ ဖြင့်သာ ချက်ပြုတ်ကြခြင်း ဖြစ်ပါသည်။

၂။ ငရုတ်သီးစိမ်းတောင့်များ အညြှာွေခ၍ ရေဆေးပြီး ဆုံတွင် လေးစိတ်ကွဲ ထောင်း ထားပါ။ မန်ကျည်းသီးကို ရေစိမ်ပြီး မန်ကျည်းရည်တွင် မျှင်ငါးပိကို ထည့်ဖျော် ထားပါ။ နံနံပင်များ သင်ထားပါ။

၃။ အားလုံးအသင့်ဖြစ်လျှင် ချက်မည့်အိုးထဲ အဆာအားလုံးထည့်၍ ရေသင့်ရုံ

ထည့်ပြီး ပွက်ပွက်ဆူအောင်ကျိုကာ မပျစ်မကျဲအနေအထားလေးဖြင့် ချက်ပါ။ ဟင်းရည်အိုးကျက်လျှင် နံနံပင်အုပ်ပြီး အတို့အမြှုပ်စုံစုံလင်လင်ဖြင့်  ဆီလွတ် ငရုတ်သီးရခိုင်ချက်ကို မြိန်မြိန်ယှက်ယှက် သုံးဆောင်နိုင်ပါပြီ။

------------------------------

Crd

ဦးစံလွင်(ငါးဦးစီး)

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...