ကရင်ဆိုေတာ့ ကိုယ်ကရင်မျှစ်ကာလပေါ့ဟင်းချက်နည်း 🤤🤤 မိုးရာသီနဲ့အလိုက်ဖက်ဆုံးဟင်း😋 ရှယ်ဘဲ 😋 ကရင်တိုင်းရင်းသားများရဲ့ ရိုးရာ အစားအစာ တမျိုးလဲဖြစ်ပါတယ်။ကျွန်မတို့ ဘယ်လိုပင်ချက်တတ်နေစေကာမူ တိုင်းရင်းသားစစ်စစ်များရဲ့ လက်ရာကို မမှီနိုင်ပေ ဟင်းရဲ့ အဓိက နေရာကို ယူထားသူကတော့ မျှစ်ပါပဲ ဒီဟင်းကို မျှစ်စိမ်းနဲ့သာ ချက်မှ ပိုပြီး စားကောင်းစေပါတယ်ေနာ်။ ယခု ကာလတွင်မျှစ်စိမ်းများပေါ်ကာစ မို့ ရာသီစာလို့ ပြောရင်လဲ မမှာပါဘူးရှင်🤗 ကျွန်မတို့ကရင်ပြည်နယ်ဘက်မှာ မျှစ်အမျိုးစားပေါင်းများစွာရှိသည့်အနက် တချို့မျှစ်များက တာလပေါ့ဟင်းချက်စားလို့မကောင်းတာတွေရှိတတ်ပါတယ် ဝါးဂုတ်မျှစ် ကျခပ်မျှစ် ဝါးဖြူမျှစ် နှီးဝါးမျှစ် ဝါးယားမျှစ် ဝါးပိုးမျှစ် ထီးဝါးမျှစ် စသည်ဖြင့် အမှတ်အသားလေးတွေနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။ နှီးဝါးမျှစ်နဲ့ ဝါးဂုတ်မျှစ်က အချိုဓာတ်ပိုပြီး တာလပေါ့ချက်စားလို့အလွန်ကောင်းလှပါတယ်။ တအိုးစာချက်မည်ဆိုပါက မျှစ် ၅ချောင်းခန့်အသုံးပြုနိုင်ပါတယ် မျှစ်ကို မချက်မှီ ခပ်ပါးပါးလှီးထားပြီး ရေ2နာရီခန့်စိမ်ထားပါ ရေစိမ်ပြီးသားမျှစ်ကို တရေ ပြုတ်ပြီးသွန်ပေးပါ မျှစ်စိမ်းမှာ ခါးသက်သက် အရသာရှိတတ်လို...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈