သံပုရာသီးတွေပေါနေတဲ့အချိန် #သံပုရာသီးသနပ်လုပ်ထားကြမယ် ပြုလုပ်နည်း ************ သံပရာသီးကိုရေဆေးပြီးအလုံးလိုက်ကိုလေးစိတ်စီ ပြတ်အောင်လှီးထားပါ ဆားနဲ့နယ်ပါ သံပရာသီးလှီးပြီးသား ၁ပိသာဆိုရင် ဆား ၅ ကျပ်သားထည့်နယ်ပါ အငံကအနေတော်နှင့် တာရှည်ထားလို့ရပါတယ် ဆားနယ်ပြီးသားသံပရာသီးများကို ပုလင်းမှာဖြစ်စေ ပလပ်စတစ်ဘူးမှာဖြစ်စေထည့်ပြီး အဖုံးလုံအောင်ပိတ်ထားပါ အောက်ကဆားရည်အပေါ်က သံပရာသီးနှင့်ထိအောင်တနေ့ တခါလောက်ဘူးကိုလှုပ်ပေး လှန်ပေပါ နေရောင်မပြပဲအခန်းထဲမှာထားလည်းရပါတယ် ရက် ၂၀ ကျော် တလ လောက်မှသံပုရာသီးကနူးနပ် ပါတယ် သံပုရာသီးနူးနပ်မှ ဒယ်အိုးတခုမှာဆီထည့်ပြီး အပူပေးကာဆီပူလာရင် မုန်ညှင်းစေ့ကိုထည့်ပါ မုန်ညှင်းစေ့ဖေါက်ဖေါက်မြည်လာရင်မီးလျော့ပြီးဆီနွေးနွေး မှာမဆလာမွှေးမှုန့်ထည့်ပါ ငရုတ်သီးအစိမ်းမှုန့်ထည့်ပါ မွှေပေးပါ သံပရာသီးနူးနပ် နေတာထည့်ပါ သကြားနဲနဲ ထည့်ပြီးမွှေပေးပါ အရသာ မြည်းကြည့်ပါ အနေတော်ဆို ရင်အအေးခံပြီးကြက်သွန်ဖြူ နွှာထားတာကိုပါးပါးလှီးထည့် ပြီမွှေပေးပါ သံပရာသီးသနပ် ရပါပြီ စားကောင်းကြပါစေ သံပုရာသီးစိမ်ထားတာကိုမိုး ကုန်လို့နေပူရင်ဝါးစကာဗန်းမှာ ပလပ်စတစ်အပါးစခံ...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈