Skip to main content

သံပုရာသီးသနပ်ပြုလုပ်နည်

 သံပုရာသီးတွေပေါနေတဲ့အချိန်

 #သံပုရာသီးသနပ်လုပ်ထားကြမယ်


ပြုလုပ်နည်း

************

 သံပရာသီးကိုရေဆေးပြီးအလုံးလိုက်ကိုလေးစိတ်စီ

ပြတ်အောင်လှီးထားပါ ဆားနဲ့နယ်ပါ

သံပရာသီးလှီးပြီးသား ၁ပိသာဆိုရင် 

ဆား ၅ ကျပ်သားထည့်နယ်ပါ 

အငံကအနေတော်နှင့်

တာရှည်ထားလို့ရပါတယ်

ဆားနယ်ပြီးသားသံပရာသီးများကို

ပုလင်းမှာဖြစ်စေ 

ပလပ်စတစ်ဘူးမှာဖြစ်စေထည့်ပြီး

အဖုံးလုံအောင်ပိတ်ထားပါ

အောက်ကဆားရည်အပေါ်က

သံပရာသီးနှင့်ထိအောင်တနေ့

တခါလောက်ဘူးကိုလှုပ်ပေး

လှန်ပေပါ နေရောင်မပြပဲအခန်းထဲမှာထားလည်းရပါတယ် ရက် ၂၀ ကျော် တလ

လောက်မှသံပုရာသီးကနူးနပ်

ပါတယ် သံပုရာသီးနူးနပ်မှ

ဒယ်အိုးတခုမှာဆီထည့်ပြီး

အပူပေးကာဆီပူလာရင်

မုန်ညှင်းစေ့ကိုထည့်ပါ မုန်ညှင်းစေ့ဖေါက်ဖေါက်မြည်လာရင်မီးလျော့ပြီးဆီနွေးနွေး

မှာမဆလာမွှေးမှုန့်ထည့်ပါ

ငရုတ်သီးအစိမ်းမှုန့်ထည့်ပါ

မွှေပေးပါ သံပရာသီးနူးနပ်

နေတာထည့်ပါ သကြားနဲနဲ

ထည့်ပြီးမွှေပေးပါ အရသာ

မြည်းကြည့်ပါ အနေတော်ဆို

ရင်အအေးခံပြီးကြက်သွန်ဖြူ

နွှာထားတာကိုပါးပါးလှီးထည့်

ပြီမွှေပေးပါ သံပရာသီးသနပ်

ရပါပြီ    စားကောင်းကြပါစေ

သံပုရာသီးစိမ်ထားတာကိုမိုး

ကုန်လို့နေပူရင်ဝါးစကာဗန်းမှာ

ပလပ်စတစ်အပါးစခံပြီးထည့်

၃ ရက်လောက်နေလှန်းရင်

သံပရာသီးအခြောက်ကိုရပါ

တယ် အဲဒါကို ပါဝါသကြားမှုန့်

နွယ်ချိုမှုန့်နှင့်ရောနယ်လိုက်ရင်သံပရာပေါင်းရပါတယ်အရင်ကတော့စီးပွားဖြစ်လုပ်

ခဲ့ဖူးပါတယ် အခုကတော့နား

လိုက်ပါပြီး သံပရာသီးအခြောက်ကိုအစေ့ထုက်ကြိတ်

ပြီးပါဝါသကြားမှုန့်နွယ်ချိုမှုန့်

နှင့်နယ်ပြီးအပြားချပ်လုပ်ပြီး

နေလှန်းကာအဲဒီအပြားချပ်ကို

ပြန်ညှပ်ပြီးရှောက်သီးဆေးပြားလိုပြန်လုပ်လည်းရပါတယ်

ရှောက်သီးလည်းအဝိုင်းပါးလှီး ဆားစိမ်နေလှမ်းပြီးခြောက်ရင်ပါဝါသကြားမှုန့်

နွယ်ချိုမှုန့်နှင့်နယ်ပြီးရှောက်

ပြားဝိုင်းလည်းလုပ်လို့ရပါ

တယ် ဒီအချိန်ကရှောက်သီး

သံပရာသီးပေါတဲ့အချိန်ပါ

မိုးတွင်းမှာဆားစိမ်ထားပြီး

မိုးကုန်နေပူမှလှမ်းလို့ရပါတယ်

အခုကတော့နားလိုက်ပါပြီ

#Credit Kyaw Swe

အခြားနည်းများ

***************

သံပရာသီးကို အရင်ဆုံး ဆားရည်ထဲထည့်စိမ်ပေးပါ

ပီးရင်ရေစစ်ပြီး သံပရာသီးတလုံးကိုလေးစိတ်စိတ်ပီးအထဲကို ဆားနဲ့သိပ်ပေးပါ

ပီလျှင် ဖန်ပုလင်းထဲ သိပ်ပီးထည့်ပေးပါ

ဆားရည်ဖျော်ပီး အနည်းကယ်ထည့်ပေးပါ

နေ3ရက်လောက် ပုလင်းကိုပြပေးပါ

လုံးဝမှိုမတက်ပဲ အရောင်ဝင်းဝင်းအိအိလေးနဲ့ ကောင်းမှကောင်းပါပဲ


ဒါတနည်း

................

သံပရာသီးကိုရေဆေးပြီးခြောက်အောင်သုပ်လိုက်တယ်။ပြီးရင်လေးစိပ်ခွဲပြီးဆားသိပ်တယ်၊လေလုံတဲ့ပုလင်းထဲထည့်ပြီးအခန်းအပူချိန်မှာဘဲထားတယ်။နောက်ရက်ဆိုသံပရာရည်လေးတွေထွက်လာတဲ့အခါအဖုံးမဖွင့်ဘဲ့အပေါ်အောက်မျှအောင်ပုလင်းကိုလှုပ်ပေး၊အဲ့နည်းအတိုင်းလေးနေ့တိုင်းလုပ်ပေးတစ်ပတ်လောက်ဆိုဒီတိုင်းထားလို့ရပြီး။နေလှန်းစရာလဲမလိုနှစ်ပေါက်အောင်ထားလို့ရတယ်။အိမ်မှာလုပ်ထားတာနှစ်နဲ့ရှိပြီးကောင်းနေတုန်းဘဲ။

Crd😋

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...