Labels

Showing posts with label " မုန့်လက်ဆောင်ဖာလူဒါ /ရွှေရင်အေး /ပြုလုပ်နည်း ". Show all posts
Showing posts with label " မုန့်လက်ဆောင်ဖာလူဒါ /ရွှေရင်အေး /ပြုလုပ်နည်း ". Show all posts

Wednesday, August 17, 2022

" မုန့်လက်ဆောင်ဖာလူဒါ /ရွှေရင်အေး /ပြုလုပ်နည်း "

 ပူပြင်းတဲ့နွေရာသီရဲ့ အဖော်က😍😍😍😍❄️☃️

" မုန့်လက်ဆောင်းအေးအေးလေး /


ဖာလူဒါ /ရွှေရင်အေး /ပြုလုပ်နည်း "

လုပ်နည်းလေးတွေသိထားတော့အချိန်မရွေးလုပ်စားလို့ရတာပေါ့နော်⛄️⛄️

ဖာလူဒါ ပြုလုပ်နည်း

ဖာလူဒါအတွက် ကြိုတင်ပြုလုပ်ထားရမည့် ပစ္စည်းများမှာ 

☺️၁။ ပူတင်းပေါင်းထားရမည်။

😉၂။ သာကူစေ့ ပြုတ်ထားရမည်။

😀၃။ မျှော့ချောင်း ပြုတ်ထားရမည်။

၁။ ရေခဲမုန့်                         ၁လုံး

၂။ ပူတင်း                          ၁ဇွန်း(ထမင်းစားဇွန်း)

၃။ နို့ဆီ                             ၁ဇွန်း(ထမင်းစားဇွန်း)

၄။ သကြားရည်                  ၃ဇွန်း(ထမင်းစားဇွန်း)

၅။ နွားနို့                            ၃ဇွန်း(ထမင်းစားဇွန်း)

၆။ သာကူစေ့ပြုတ်              ၂ဇွန်း(ထမင်းစားဇွန်း)

၇။ မျှော့ချောင်းပြုတ်            ၂ဇွန်း(ထမင်းစားဇွန်း)

၈။ ကျောက်ဖရုံယိုအတုံးလေးများ ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)

၉။ သင်္ဘောယို                     ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)

၁၀။ စပျစ်ခြောက်                 ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)

၁၁။ ဇီးဖျော်ရည်အဆီ           ၁/၂ဇွန်း(ထမင်းစားဇွန်းတစ်၀က်)

၁၂။ ရေသန့်ရေခဲ              ၃တုံး

၁၃။ ကျောက်ကျော            အနည်းငယ်

ပြုလုပ်ပုံ

- ပါ၀င်ပစ္စည်းများကို ဖန်ခွက်အတွင်းသို့ အဆင်ပြေသလိုထည့်ပါ။ ပုံမှာပါတဲ့အတိုင်းလေး ပေါ့နော်။

Credit : post & pose

× × × × × × × × × × × × × × × × × × × × × × × × 

ရွှေရင်အေး လုပ်နည်း

━━━━━━━━

အခုလိုပူပြင်းတဲ့ အချိန်မှာ ရွှေရင်အေး လုပ်စားချင်သူများအတွက်ပါ။

ရွှေရင်အေး(၁၀)ပွဲစာ အတွက်

ဖြစ်ပါတယ်။

ပါ၀င်ပစ္စည်းများကတော့

1. မုန့်လက်ဆောင်းဖတ် ၁၀၀၀ မီလီလီတာ

2. သာကူ ၂၅ ကျပ်သား ကျို ထားပါ

3. ကောက်ညှင်းပေါင်း ဆန်ချိန်ခွက် ၃ ခွက်ပေါင်းထားပါ

4. ပေါင်မုန့် ၁၀ ချပ်

5. အုန်းနို့ကျောက်ကျော ၂၅ ဂရမ် တထုတ် ကျိုထားပါ။

6. အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ)

7. သကြား ၂၅၀ ဂရမ် ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

8. ရေခဲ လိုသလောက်

9. ဆား သင့်ရုံ

ပြုလုပ်နည်း

ပထမဦးစွာ ရွှေရင်အေး လုပ်နည်းထဲမှာ လက်အဝင်ဆုံးဖြစ်တဲ့ မုန့်လက်ဆောင်းဖတ်လုပ်နည်းကို ပြောပြပေးမှာပါ။ဆန်မုန့် ထမင်းစားဇွန်း ၈ဇွန်း၊ကော်မုန့် ထမင်းစားဇွန်း ၂ဇွန်း၊ဆား၊ဆွမ်းမွှေးရည် အနည်းငယ်တို့ လိုအပ်ပါမည်။ရေနွေးပူထဲတွင် ဆွမ်းမွှေးရည်မှအပ ပါဝင်ပစ္စည်းများ ထည့်ပါ။ပျစ်လာတဲ့အထိ မီးအားအနည်းငယ်ဖြင့် ကြိုပေးပါ။ပူလာလျှင် ဆွမ်းမွှေးရည်ကို အရောင်လိုသလို ချိန်ပြီး ထည့်ပေးပါ။ရလာလျှင် ရေခဲရေထဲသို့  ဆန်ခါခံပြီး နည်းနည်းချင်း လောင်းထည့်ပေးပါ။ဒါဆိုရင်တော့ သန့်ရှင်းတဲ့ မုန့်လက်ဆောင်းဖတ် ရပါပြီ။ဆိုင်မှာလည်း မုန့်လက်ဆောင်းဖတ် လုပ်ပြီးသားကို ဝယ်လို့ ရပါတယ်။

အုန်းနို့ကျောက်ကျော အတွက်ကတော့ အရင်ဆုံး သကြား ၃၀၀ဂရန်ကို အုန်းနို့ တဗူး ရေ(၁ဒသမ၅လီတာ) ကျောက်ကျောမုန့် ၅၀ဂရန်ုတို့ဖြင့် ရေမှာ ပျော်ဝင်သွားအောင် ကျိုပါ။ကျိုနေရင်း အနည်းငယ် ပျစ်လာပြီဆိုရင်တော့ ဗန်းထဲထည့်ပြီး အအေးခံပါ။ဗန်းမှာ ၂လက်မအနက်ရှိလျှင် သင့်တော်ပါသည်။

ကောက်ညှင်းပေါင်း/ချက်ဘို့အတွက် ကောက်ညှင်းဆန်ကို ရေကြည်လင်လာတဲ့အထိဆေးပီး အနည်းဆုံး ၆ နာရီ ရေစိမ်ထားပါ၊ ဇကာနဲ့ရေကုန်အောင်စစ်ပါ၊

ချက်တော့မည် ဆိုတဲ့အခါ rice cooker အိုးနဲ့တွဲပီးပါလာတဲ့ပေါင်းဆကာပေါ် ပိတ်စိမ်းပါး ရေဆွတ်ပီးခင်းပါ၊ အဲဒီအပေါ်မှာ ဆန်ကို ဖြန့်ခင်း၊ အိုးထဲ ရေထည့်ပီးနပ်တဲ့အထိပေါင်းပါ၊ အထက်အောက်လှန်ပေးဘို့လည်းလိုအပ်ပါတယ်။ အိုးသေးပီး ဆန်များရင် ၂ ခါ ခွဲပေါင်းနိုင်ပါတယ်။

အုန်းနို့ရည် ၁ ဗူး ခွဲ ( ၆၀၀ မီလီလီတာ) ကို ရေ ၁၀၀၀ မီလီလီတာဖြင့် ဖျော်ထားပါ။

သကြား ကို ရေ အနည်းငယ်ဖြင့်သကြားပျော်ရုံလေး အပူပေးပါ။

ပန်းကန်လုံးထဲမှာ မုန့်လက်ဆောင်းဖတ်၊ ကောက်ညှင်း၊ ကျောက်ကျော၊ သာကူ၊ ပေါင်မုန့်၊ ရေခဲတို့ထည့်ပီး သကြားရည်၊ အုန်းနို့ရည်လေး ဆမ်းပြီး ရေခဲ၁တုံး ၂တုံး လောက်ထည့်လိုက်မယ်ဆိုရင် တစ်မိသားစုလုံး အရသာရှိစွာစားနိုင်တဲ့ ရွှေရင်အေး အေးအေးလေး ရပါပြီ။ 

Credit-ShweYinAye

× × × × × × × × × × × × × × × × × × × × × × × ×

မုန့်လက်ဆောင်းပြုလုပ်နည်း

ဒီတပတ်မှာတော့ အတာသင်္ကြန်အချိန်အခါလဲဖြစ်တာကြောင့် စတုဒိသာကျွေးပြီး ကုသိုလ်ယူဖို့အတွက် မုန့်လက်ဆောင်းနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ရာသီဥတုကလဲ ပူပြင်းတဲ့အတွက် မုန့်လက်ဆောင်းက သင်တော်တဲ့အစားအစားပဲ ဖြစ်ပါတယ်။ ထန်းလျက်နဲ့ပဲဖြစ်ဖြစ် အုန်းနို့နဲ့ပဲဖြစ်ဖြစ် ကိုယ်ကြိုက်နှစ်သက်ရာကို အဆင်ပြေသလို စားသုံးနိုင်ပါတယ်။ 

မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်းများ

မုန့်လက်ဆောင်းဖတ်        -၁ပြည်

ထန်းလျက်မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်း

ထန်းလျက်            -၄၀၀ဂရမ်

ဆား                -လက်ဖက်ရည်ဇွန်းတ၀က်

အုန်းနို့မုန့်လက်ဆောင်းအတွက် ပါ၀င်သောပစ္စည်း

အုန်းသီး                -၁လုံး(အရည်ညှစ်ထားပြီသား)

သကြား                -၂၀ကျပ်သား

ဆား                -လက်ဖက်ရည်ဇွန်းတ၀က်

မုန့်လက်ဆောင်း ပြုလုပ်နည်း

အရင်ဆုံး လုပ်ပြီးသားမုန့်လက်ဆောင်းဖတ်များကို ဒယ်အိုးအကြီးတစ်ခုထဲထည့်ပြီး ရေစိမ်ထားပေးပါ။ အရင်ဆုံး အုန်းနို့မုန့်လက်ဆောင်းအတွက် ဒယ်ထဲသို့ အုန်းနို့ရည်များထည့်ပြီး သကြား(၂၀ကျပ်သား) ထည့်ပြီ သကြားများ အရည်ပျော်အောင် အပူအနည်းငယ်ပေးပါ။ ပြီးနောက် ဆားအနည်းငယ်ထည့်ပြီ အုန်းနို့ရည် များကို ပြန်အအေးခံထားပေးပါ။ အအေးခံပြီနောက်မှတော့ ခွက်တစ်ခုထဲကို မုန့်လက်ဆောင်း တ၀က်ခန့် ထည့်ပြီး အုန်းနို့ရည်ထည့်ပေးပါ။ ပြီးနောက်မှာတော့ မုန့်လက်ဆောင်း ပိုစိမ့်သွားစေဖို့အတွက် နို့စိမ်း စားပွဲတင်ဇွန်းခန့် ထည့်လိုက်ပါ။ ပြီးရင်တော့ ရေခဲတုံးအနည်းငယ်ထည့်ပြီး အုန်းနို့မုန့်လက်ဆောင်းကို သုံးဆောင်နိုင်ပါတယ်။ ထန်းလျက်ရည်နဲ့ မုန့်လက်ဆောင်းမှ ကြိုတ်တဲ့သူတွေအတွက် ထန်းလျက်များကို ဒယ်ထဲ ရေအနည်းငယ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ကျိုထားပေးပါ။ မပျစ်မကျဲအနေထားရောက်လျှင် ဆားအနည်းငယ်ထည့်ပြီး ထန်းလျက်ရည်ကို ခွက်တစ်ခုထဲ ပြန်ထည့်ထားပြီး အအေးခံထားပေးပါ။ ပြီးရင်တော့ ခွက်ထဲကို မုန့်လက်ဆောင်းဖတ် တစ်၀က်ထည့်ပြီး ထန်းလျက်ရည်များထည့်ကာ ရေခဲတုံးထည့်ပြီးရင်တော့ သုံးဆောင်နိုင်ပါတယ်​။

Credit : pose & post