Labels

Showing posts with label သာကူကျိုနည်း. Show all posts
Showing posts with label သာကူကျိုနည်း. Show all posts

Monday, August 22, 2022

သာကူကျိုနည်း

 အလျူလုပ်ဖို့အတွက်ဖြစ်ဖြစ် မိသားစုအတွက်ဖြစ်ဖြစ်

Save ကို Save ထားမှရမယ့် လူကြိုက်အများဆုံးမုန့်ပြုလုပ်နည်း( ၄) မျိုး

(၁)


သာကူကျိုနည်း

သာကူစေ့ကိုအစေ့ပျောက်ရုံကျိုပြီးဇကာနဲ့ဆယ်ပါ

အပေါ်မှရေအေးထက်လောင်းချပြီးရေစစ်ထားပါ

ထန်းလျက်၅၀သါးကျို ရေသန့်၁လီတာ၄ဗူးထည့်ကျိုပါရှင်

ဆူပွက်လာရင်ဆားအနည်းငယ်ဖြူး အအေးခံ

သာကူစေ့ရော အုမ်းသီးခြစ်ပြီးစားပါရှင်

ကမ်စွန်းဥရောချင်ရင် ပြုတ်ပြီးရောထည့်လိုက်ပါရှင်

Credit May Moe Phyu

Crd photo

(၂)အလျူလုပ်မလား ဘုရားကပ်မလား

မကောင်းတာတွေမြုပ်ပြီး ကောင်းတာတွေအမြန်

ပေါ်စေတယ်ဆိုတဲ့ မြန်မာ့ရိုးရာမုန့်လုံးရေပေါ် လုပ်နည်း 👇🏻

ထန်းလျက်ကို အတုံးသေးလေးဖြစ်အောင်

ငရုတ်ဆုံနဲ့ ထောင်းထားပါ

အုန်းသီးခြစ်ထားပါ

ကောက်ညှင်းမုန့်၃ဆ

ဆန်မှုန့် ၁ဆ

ရေ ၂ဆ ထည့်ပြီး

နှံစပ်အောင်နယ်ပါ မုန့်သားရပြီဆို

အလုံးသေးလေးတွေလုံးပြီး အလယ်ကနေ

ထန်းလျက်တုံး​လေးတွေထည့် အစာသွပ်ပါ

ပြီးရင် သေချာပြန်လုံးထားပါ

ရေနွေးဆူဆူထဲသို့ ထုံးရေကြည်အနည်းငယ်ထည့်ပြီး

မုန့်လုံးများ ထည့်ပြုတ်ပါ

ရေပေါ် ပေါ်လောလေးပေါ်လာရင်ရပါပြီ

ဇကာလေးနဲ့ဆယ်ပြီး အုန်းသီးဖြူးစားပါ ။

Credit Original photo

(၃)မုန့်ကြာစိကြိုက်သူများအတွက်...

မုန့်ကြာစိ (စေ့) ကလည်း သင်္ကြန် ရာသီစာပါ။ အချို့ ဒေသတွေက  ပဲမုန့်လုံး ရေပေါ် လို့လည်းခေါ်ပါတယ် ။ သူကတော့ မုန့်လုံးလေးတွေ (ကြာစိအရွယ်) လေးတွေပြုတ် ၊ သီးသန့်ထန်းလျက်ရည် လောင်းစားရတာပါ။

ပါ၀င်ပစ္စည်းများ

ကောက်ညှင်းမှုန့်

ဆန်မှုန့် - အနည်းငယ်

ထန်းလျက်ဖြူ  (သို့မဟုတ်) အညို

အုန်းသီးခြစ်

ဆား

ပြင်ဆင်ပြုလုပ်နည်း

မုန့်လုံးရေပေါ်လုပ်ရင် ကောက်ညှင်းချည်းပဲ သုံးလျှင် အရမ်းစေးပြီး တွဲကပ် နေတတ် ပါတယ်။ ဒါကြောင့် ဆန်ကြမ်းမှုန့် အနည်းငယ် ရောသုံး ပေးဖို့ လိုအပ်ပါတယ်။

ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆား စတာတွေကို ရောပြီး ရေ ၁ဗူး (နို့ဆီဗူး) ခပ်နွေးနွေးကို အနည်းငယ်စီ ထည့်ပြီး သမသွားအောင် နယ်ပါ။  စေးထွေးထွေး မုန့်သားမှာ အနေတော်ပါ။

မိမိနှစ်သက်သလို အရွယ်လေးတွေလုံးပြီး  လုံးသွားအောင် လုံးပြီး ရေနွေး ဆူဆူ (ရေများများ) မှာ ရေပေါ်သို့ ပေါ်လာသည် အထိ ပြုပ်ပါ။

ထန်းလျက်ကို သီးသန့် အရည်ကျိုထားပြီး စစ်ထားပါ။

အုန်းသီးကိုလည်း အမျှင်ပုံစံ ရအောင် ခြစ်ထားပါ။

ပေါ်လာသည့် မုန့်လုံးများ ဆယ်၍ ရေစစ်ပါ။ အုန်းသီးအမျှင်များ ဖြူးပြီး သုံးဆောင်ပါ ။

Crd

.(၄) ပေါင်မုန့်အုန်းနိုဆမ်းလေးလုပ်စားပါတယ်လို့စ်..

အုန်းနို့ကျောက်ကျောလေးကြို.. သာကူ အဖြူ/အနီလေး ပြုတ်.. ကောက်ညင်းလေးပေါင်း.. အုန်းနို့သကြားရည်လေးကြို့ အရသာပိုကောင်းအောင် နို့စိမ်းလေးနဲ့နဲ့ထဲ့..မုန့်လက်ဆောင်ဖတ်လေးကိုယ်တိုင်လုပ် ( မုန့်ညစ်ချတဲ့ဇကာအပေါက်ကြီးနေလို့ မလှမပ) နဲ့ ဒါပေမဲ့အရသာကတော့ ဂွတ်ရှယ်ပဲနော် စားပါအုံးရှင့်😊

Crd ပါရှင့်