#ပေါက်စီလုပ်နည်း (၃)နည်း👇 နည်း – ၁ ပေါက်စီအစာပြုလုပ်ရန်အတွက် လိုအပ်သည့်အမယ်များကတော့ ဝက်သား၊ ဘဲဥ၊ ဝက်အူချောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲငံပြာရည်အပျစ်၊ ကော်မှုန့်၊ တရုတ်မဆလာ၊ သကြား၊ ဆား၊ ကြက်သားမှုန့်တို့ လိုအပ်ပါမယ်။ ဂျုံနယ်ရန်အတွက် လိုအပ်သည့်အမယ်များကတော့ ဂျုံ၊ ဂျုံပွဆေး၊ သကြား၊ ထောပတ်ဆီ၊ နို့မှုန့်၊ ဆား တို့ လိုအပ်ပါမယ်ေနာ်။ ပေါက်စီအစာသွတ်ရန်အတွက် ဝက်သားများကို ရေဆေးသန့်စင်ပြီး ခပ်သေးသေး အတုံးကလေးများ တုံး၍ ဆား၊ ကြက်သားမှုန့် တို့ထည့်၍ နူးနေအောင် ပြုတ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်၍ ထည့်လိုက်ပါ။ ပြီးလျှင် ကြက်သွန်နီကို အတုံးသေးသေးလေး လှီးထားပါ။ ဘဲဥကို ကျက်အောင်ပြုတ်ပြီး အခွံခွာ၍ အစိတ်လေးတွေဖြစ်အောင် လှီးထားပါ။ ပြီးနောက် ဝက်အူချောင်းကို ကြော်ပြီး သေးသေးလှီးထားပါ။ ဝက်သားပြုတ်ကို ကြက်သွန်နီ၊ ပဲငံပြာရည်အပျစ်၊ ကြက်သားမှုန့်တို့ထည့်၍ နှံ့အောင် ရောနယ်ပါ။ ဂျုံနယ်ရန်အတွက် ဂျုံကိုဇကာစစ်ပြီး လက်ကိုင်ဂျုံအတွက် အနည်းငယ် ဖယ်ထားပါ။ ဂျုံများပုံထားသည့် အလယ်ကို ကန်ကဲ့သို့ ပြုလုပ်ထားပါ။ ပြီးလျှင် ယင်း ကန်ထဲသို့ သကြား၊ ဂျုံပွဆေး ကိုထည့်ပါ။ ကန်ဘောင်ပေါ်တွင် နို့မှုန့်၊ ရေ ကိုထည့်...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈