Labels

Wednesday, August 17, 2022

#ပေါက်စီလုပ်နည်း (၃)နည်း👇

 


#ပေါက်စီလုပ်နည်း (၃)နည်း👇

နည်း – ၁

ပေါက်စီအစာပြုလုပ်ရန်အတွက် လိုအပ်သည့်အမယ်များကတော့ ဝက်သား၊ ဘဲဥ၊ ဝက်အူချောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲငံပြာရည်အပျစ်၊ ကော်မှုန့်၊ တရုတ်မဆလာ၊ သကြား၊ ဆား၊ ကြက်သားမှုန့်တို့ လိုအပ်ပါမယ်။

ဂျုံနယ်ရန်အတွက် လိုအပ်သည့်အမယ်များကတော့ ဂျုံ၊ ဂျုံပွဆေး၊ သကြား၊ ထောပတ်ဆီ၊ နို့မှုန့်၊ ဆား တို့ လိုအပ်ပါမယ်​ေနာ်။

ပေါက်စီအစာသွတ်ရန်အတွက် ဝက်သားများကို ရေဆေးသန့်စင်ပြီး ခပ်သေးသေး အတုံးကလေးများ တုံး၍ ဆား၊ ကြက်သားမှုန့် တို့ထည့်၍ နူးနေအောင် ပြုတ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်၍ ထည့်လိုက်ပါ။

ပြီးလျှင် ကြက်သွန်နီကို အတုံးသေးသေးလေး လှီးထားပါ။ ဘဲဥကို ကျက်အောင်ပြုတ်ပြီး အခွံခွာ၍ အစိတ်လေးတွေဖြစ်အောင် လှီးထားပါ။ ပြီးနောက် ဝက်အူချောင်းကို ကြော်ပြီး သေးသေးလှီးထားပါ။

ဝက်သားပြုတ်ကို ကြက်သွန်နီ၊ ပဲငံပြာရည်အပျစ်၊ ကြက်သားမှုန့်တို့ထည့်၍ နှံ့အောင် ရောနယ်ပါ။

ဂျုံနယ်ရန်အတွက် ဂျုံကိုဇကာစစ်ပြီး လက်ကိုင်ဂျုံအတွက် အနည်းငယ် ဖယ်ထားပါ။ ဂျုံများပုံထားသည့် အလယ်ကို ကန်ကဲ့သို့ ပြုလုပ်ထားပါ။ ပြီးလျှင် ယင်း ကန်ထဲသို့ သကြား၊ ဂျုံပွဆေး ကိုထည့်ပါ။ ကန်ဘောင်ပေါ်တွင် နို့မှုန့်၊ ရေ ကိုထည့်လိုက်ပါ။

ကန်ထဲကို ရေကြက်သီးနွေး နည်းနည်ဆီ လောင်းထည့်ပြီး နယ်ပါ။ သကြားကြေသွားရင် ထောပတ်ဆီ ကိုထည့်ပြီး ဆက်နယ်ပါ။

နှံ့သွားပြီး ဂျုံသား ပြောင်ချောလာရင် ဂျုံသားကို ခပ်ကျစ်ကျစ်လေးလုံးပေးပြီး အဝတ်ပါးအုပ်ကာ မိနစ်အနည်းငယ်ခန့် နှပ်ထားပေးပါ။

ပေါက်စီပြုလုပ်ရန်အတွက် ဂျုံအချိန်စေ့ရင် ကွမ်းသီးလုံးခန့် အရွယ်လေးတွေ ပြုလုပ်ပြီး ဒလိမ့်တုံးဖြင့်ပြားပါ။ ယင်းအပေါ်တွင် အစာများကိုထည့်ပြီး လုံအောင်လုံးကာ စက္ကူ ဖြတ်ပိုင်းပေါ် တင်လိုက်ပါ။

ပြီးနောက် ပေါင်းအိုးအတွင်းကို အစာသွပ် ဂျုံလုံးလေးများ ဖြန့်ထည်လိုက်ပါ။ ပေါင်းအိုးတွင် မိနစ်အနည်းငယ်ကြာပေါင်းပေးပါ။

ကျက်ပြီဆိုရင်မီးပိတ်ပြီး ရေနွေးငွေ့အရှိန်နဲ့ မိနစ်အနည်းငယ်ခန့် ဆက်ထားပါ။

ပြီးရင်တော့ အရသာရှိတဲ့ ပေါက်စီအရွယ်တော်လေးတွေကို ကော်ဖီပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

နည်း -၂

ပေါက်စီ

ဂျုံ ၃၀ ကျပ်သား

ရိစ် ၁ ဇွန်း (ထမင်းစားဇွန်း)

သကြား ၁ ဇွန်း (ထမင်းစားဇွန်း)

ဆား အနည်းငယ်

ကွကျဥ ၁ လုံး

ထောပတ် ၁ ဇွန်း ထမင်းစားဇွန်း

ရေကြက်သီးနွေး ၃၀၀ ml

ဘေကင်ပေါင်ဒါ ၁ဇွန်း (tea spoon)

ရှော့တနင် ဇွန်းတဝက် (ထမင်းစားဇွန်း)

ရိစ်ဖောက်နည်း

ရိစ်၊ သကြား၊ ရေကြက်သီးနွေး၊ ရောမွှေပါ ၃ မိနစ်စောင့်ပါ အမြှုပ်ထပြီးပွလာမည်။ ပွမလာပါက ရိစ်မကောင်းပါ။

ရိစ် နှင့် ဆား ရောမသုံးရပါ ။

ဖောက်ထားသောရိစ်အရည် ထဲသို့ဂျုံ ၊ ဘေကင်၊ ဆား၊ ကြက်ဥ၊ရှော့တနင်၊ ထောပတ်ထည့်ပြီး နှံ့အောင်နယ်ပါ ၊

ဂျုံ လုံး အညီအမျှ ၁၁ လုံး ရမည်။

အစာထည့်ပါ ပုံစံသွင်းပြီး စက္ကူ ကပ်ပါ ၊ ပေါင်းချောင်တွင် ထည့်ပြီး မိနစ် ၁၅ မိနစ် အပွခံပါ။

အိုးတလုံးတွင် ရေထည်ု့ပြီး ဆူအောင်တည်ပါ အငွေ့လှိုင်လှိုင်

ထွက်ပြီဆို ပေါင်းချောင်ကိုတင်ပြီးပေါင်းပါ ။ မိနစ် ၂၀

ပေါက်စီပေါင်းနေချိန် အဖုံးဖွင့်မကြည့်ရပါ ။

အတွင်းစာလုပ်နည်း

ကြက်သားပြုတ် အသားထွင် အတုံးတုံးထား။

ကြက်သွန်နီ အတုံးပါးပါးစိတ်ထားပါ။

ဆီ ၂ ဇွန်းထည့် ကြက်သွန်နီထည့်ပါ ၊အသားထည့်ပါ၊ တရုတ်မဆလာ၊ ဆား၊ ပဲငံပြာရည် အပျစ် ထည့်ပါ ခြောက်အောင်ကြော်ပါ။ အတွင်းစာရပြီ

အုန်းယိုလုပ်နည်း

အုန်းသီးခြစ်ပြီးသားကို သကြားထည့် ထောပတ် ၁ ဇွန်းထည့်ပြီး ရဲသွားအောင် လှော်ပါ ရပြီ။

နည်း – ၃

ဒီနေ့

အဟာရပြည့်ဝပြီး အရသာရှိတဲ့ #ပေါက်စီလုပ်‌နည်းလေး မျှဝေပေးမယ်….။

ပထမဦးစွာ

yeast ဇွန်းတဝက်လောက်ကို ရေခပ်နွေးနွေး‌ 50 ml လောက်နဲ့ 5-10 မိနစ်လောက်ကြိုစိမ်ထားပါ။

ဂျုံ ဆန်ချိန်ခွက် 5 ခွက်ကို ဇလုံကြီးကြီးထဲထည့်ပါ ။

သကြား 4 ဇွန်း၊ ဆား 1 ဇွန်း၊ ဆီ 2 ဇွန်း (Tea Spoon) နှင့် ကြိုတင်စိမ်ထားသော yeast တို့ကို ဂျုံနှင့်သမအောင်မွှေပါ။

ဂျုံ သမအောင်မွှေပြီးလျှင် ရေနည်းနည်းဆီထည့်၍ Dough ဖြစ်လာအောင် နှယ်ပါ။

ပြီးရင် 30- 60 မိနစ်ခန့် အခန်းအပူချိန်မှာ ပိတ်စသန့်သန့်လေးဖြင့် အဖုံးအုပ်ထားပေးပါ။

ဒါဆိုရင် ပေါက်စီအပြင်သား ( Dough) ရသွားပါပြီ။ အနည်းငယ် ထပ်နှယ်ပြီးတစ်ခုစာစီလေးတွေ လုံးထားပါ။ ပြီးရင်လည်း ပိတ်စသန့်သန့်လေးနဲ့ ပြန်အုပ်ထားပါ။

________________

အထဲက အနှစ်လေးအတွက်ကတော့ ကိုယ့်စိတ်ကြိုက်လုပ်လို့ ရတယ်နော်..။

ဒီမှာတော့ မင်မင် က

ကြက်သွန်နီအတုံးကြီးကြီးတွေကို ဆီပူထဲထည့်ကြော်၊ ဆနွင်းမှုန့်ခပ် (မခပ်လည်းရပါတယ်) အနံ့မွှေးလာရင် (ကြွပ်အောင် ကြော်စရာမလိုပါ) အတုံးလေး‌တွေတုံးထားတဲ့ ကြက်သားနဲ့ အာလူးထည့်မွှေ၊ ရေနဲနဲထည့်ပြီး အဖုံးအုပ်ထားပါ၊

ကြက်သားနဲ့အာလူးကျက်မှ မုန်လာဥနီတုံးလေးတွေထည့်၊

ဆား၊ သကြား၊ အရသာမှုန့်၊ ငြုပ်ကောင်း‌မှုန့် နဲ့ ခရုဆီလေးတွေလိုသလိုထည့်လိုက်ရင် မွှေးကြိုင်လှတဲ့ ပေါက်စီ အနှစ်လေး ရပြီနော်။

လုံးထားတဲ့တစ်ခုစာ

Dough လေးကိုယူ၊

လှိမ့်တုံးနဲ့ အညီအညာပြား၊ (အထူအပါးကတော့ ကိုယ့်စိတ်ကြိုက်ပါနော်)

အစာလေးသွပ် ကြက်ဥပြုတ်၊ ငုံးဥ ပြုတ်လေးတွေ နှစ်သက်တာထည့်၊

ထုပ်တာ လှရင်လှသလို ပေါက်စီလှလှလေးတွေ ရပါမယ်နော် (Admin ကတော့ first time ကပုံလေးတွေမို့လို့ သည်းခံပေးပါနော်။ ရုပ်လှတာကတော့ သေချာပါတယ်နော် 🤪)

‌ပေါက်စီလုံးလေးတွေအောက်ကို စက္ကူခံဖို့လည်း မမေ့နဲ့နော်

ဇကာလိုအခံပါတဲ့ ပေါင်းအိုးထဲကို ထည့်ပေါင်းလိုက်ရုံပဲ။ အောက်ကရေနွေးကို အရင်ပွက်‌အောင်တည်ထားဖို့တော့လိုတယ်နော်။ 18-20 မိနစ်လောက်ဆိုရင် ပေါက်စီပူပူအိအိလေး သုံးဆောင်လို့ရပါပြီနော်။

မှတ်ချက်။ ။သကြား၊ ဆား၊ ဆီတွေကို ကိုယ်အကြိုက်ပေါ် မူတည်ပြီး ချိန်ဆ ထည့်လို့ ရတယ်နော်။ ပြီးတော့ ပေါက်စီပေါင်းတဲ့အခါမှာလည်း တစ်ခုနဲ့တစ်ခု ခပ်ခွာခွာလေး ထည့်ပေးမှ အဆင်ပြေမှာနော် ပွလာမှာ မို့လို့ပါ။

Credit

No comments:

Post a Comment