Skip to main content

ထောပတ်ထမင်းချက်နည်း

 


ထောပတ်ထမင်းချက်နည်း

☘☘☘☘☘☘☘☘☘☘☘☘

ထောပတ်ထမင်း နဲ့ ကြက်သားဟင်း (၈ယောက်စာ)

ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်နည်းလေးပါ။ အလျှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ်၊ နေ့လည်စာ၊ ညနေစာပဲ ဖြစ်ဖြစ် လုပ်စားနိုင်အောင်ပါ။ ထောပတ်ထမင်းဆိုတာနဲ့ ထောပတ်အနံ့သင်းပြီ အရသာ အရမ်းကောင်းမွန်တယ်ဆိုတာ တန်းသိနိုင်မှာပါ။ ထို့ပြင် ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ်ထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…

ထောပတ်ထမင်းတွင် ပါ၀င်ပစ္စည်းများ

ဘာစမာတီ ဆန် – နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ)

ထောပတ် – ၈၀ ဂရမ်

မုန်လာဥနီ – ၁ခွက်စာ (အတုံးလတ်များ တုံးပါ)

ပဲသီး (သို့) ဘိုစားပဲ – ၁ခွက် (အတုံးလတ်များ တုံးပါ)

စပျစ်သီးခြောက် (အမဲ) – ၁ခွက်စာ

သီဟိုဌ်စေ့ – ၁ခွက်စာ (ထက်ခြမ်းခြမ်းထားပါ)

ပြောင်းဖူးစေ့ – ခွက် ၀က်စာ (optional)

ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

ကလဝေရွက် – ၃ရွက်

သစ္ဂ္ပိုး – ၁ခု

ဖာလာစေ့ – ၄စေ့

လေညှင်းပွင့် – ၄ခု

ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း  ၈ပုံ၁ပုံ

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ထောပတ်များကို ထည့်ပြီ ထောပတ် အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။

၂။ ပြီနောက် သစ်ဂျပိုး၊ ကလဝေရွက်၊ လေညှင်း၊ ဖာလာစေ့များကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၃။ ပြီမှ သီဟိုဌ်စေ့၊ မုန်လာဥနီ၊ ပဲသီး(သို့)ဘိုစားပဲ၊ ပြောင်းဖူး တို့ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၄။ ထို့နောက် ဆန်ထည့်ထားသော Rice Cooker ထဲသို့ ဒယ်ထဲမှ ထောပတ်ရည်၊ မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊ သီဟိုဌ်စေ့၊ စပျစ်ခြောက်၊ spices တို့ကို လောင်းထည့်လိုက်ပါ။

၅။ ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီ ထမင်းရိုးရိုးချက်သလိုပဲ ချက်ပေးပါ။

၆။ ထောပတ် ထမင်းကျက်ပြီဆိုလျှင် သမအောင် ယောက်မဖြင့် ရောမွှေလိုက်ပါ။

ရ။ ထို့နောက် အရသာ အနေတော်လျှင် အရသာ ရှိသော ထောပတ်ထမင်းကို ကြက်သားဟင်း၊ ငပိကြော်၊ ချဉ်ပေါင်ရွက် ဟင်းချို တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

————————————————————————————

ကြက်သားဟင်းအတွက် ပါ၀င်ပစ္စည်းများ

၁။ ကြက်သား – ၄၀ကျပ်သား (အတုံးကြီးများ တုံးပါ)

၂။ ကြက်သွန်နီ – ၆လုံး (နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

၄။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်း အရည်ညှစ်ပါ)

၅။ အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ရ။ ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၈။ နံံနံပင် – ၁စည်း

ကြက်သားဟင်း ချက်ပြုတ်နည်း

၁။ ပါ၀င်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ကြက်သွန်နီ(တ၀က်)၊ ကြက်သွန်ဖြူ(တ၀က်)၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်)တို့ကို ရောနုယ်ထားပြီ ရေခဲသတ္တာထဲတွင် နာရီ၀က်မျှ နုပ်ထားပေးပါ။

၂။ ပြီမှ မချက်ခင် ၅မိနစ်လောက် အပြင်ကို ကြိုထုတ်ထားပေးပါ။

၃။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကျန် ကြက်သွန်ဖြူ၊ နီ(တ၀က်)ကို ဆီသပ်ပေးပါ။

၄။ ပြီနောက် အရောင်တင်မှုန့်ထည့်လိုက်ပါ။

၅။ ထို့မှ နုပ်ထားသော ကြက်သားများကို ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် လုံးချက်ပေးပါ။

၆။ ကြက်သားနူးရန် ကြက်သားမြုပ်ရုံ ရေထည့်ပေးပြီ အဖုံးအုပ်ထားပါ။ မနူးသေးလျှင် နောက်တစ်ရေ ထပ်ထည့်ပါ။

ရ။ ကြက်သားနူးပြီဆိုမှ နံနံပင်များကို အပေါ်မှ အုပ်ပေးပြီ မီးပိတ်လိုက်ပါ။

ပြီးလျှင်တော့ အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Credit : Wytyee Food #photo crd#

ထောပတ်ထမင်းချက်နည်း

☘☘☘☘☘☘☘☘☘☘☘☘

ထောပတ်ထမင်း နဲ့ ကြက်သားဟင်း (၈ယောက်စာ)

ထောပတ်ထမင်း နဲ့ ကြက်သားဟင်း ချက်နည်းလေးပါ။ အလျှူမင်္ဂလာပွဲတွေမှာပဲဖြစ်ဖြစ်၊ နေ့လည်စာ၊ ညနေစာပဲ ဖြစ်ဖြစ် လုပ်စားနိုင်အောင်ပါ။ ထောပတ်ထမင်းဆိုတာနဲ့ ထောပတ်အနံ့သင်းပြီ အရသာ အရမ်းကောင်းမွန်တယ်ဆိုတာ တန်းသိနိုင်မှာပါ။ ထို့ပြင် ချက်ရတာလည်း လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ထောပတ်ထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…

ထောပတ်ထမင်းတွင် ပါ၀င်ပစ္စည်းများ

ဘာစမာတီ ဆန် – နို့ဆီဘူး ၂လုံး (ရေဖြင့် ဆေးထားပေးပါ)

ထောပတ် – ၈၀ ဂရမ်

မုန်လာဥနီ – ၁ခွက်စာ (အတုံးလတ်များ တုံးပါ)

ပဲသီး (သို့) ဘိုစားပဲ – ၁ခွက် (အတုံးလတ်များ တုံးပါ)

စပျစ်သီးခြောက် (အမဲ) – ၁ခွက်စာ

သီဟိုဌ်စေ့ – ၁ခွက်စာ (ထက်ခြမ်းခြမ်းထားပါ)

ပြောင်းဖူးစေ့ – ခွက် ၀က်စာ (optional)

ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

ကလေ၀ရွက် – ၃ရွက်

သစၢ္ပိုး – ၁ခု

ဖာလာစေ့ – ၄စေ့

လေညှင်းပွင့် – ၄ခု

ဆား – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ဇွန်း

ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း  ၈ပုံ၁ပုံ

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ထောပတ်များကို ထည့်ပြီ ထောပတ် အရည်ပျော်လျှင် ကြက်သွန်နီများကို ဆီပူထိုးပေးပါ။

၂။ ပြီနောက် သစ်ဂျပိုး၊ ကလေ၀ရွက်၊ လေညှင်း၊ ဖာလာစေ့များကို ထည့်ပြီ ၁မိနစ်ခန့် ရောမွှေပေးပါ။

၃။ ပြီမှ သီဟိုဌ်စေ့၊ မုန်လာဥနီ၊ ပဲသီး(သို့)ဘိုစားပဲ၊ ပြောင်းဖူး တို့ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၄။ ထို့နောက် ဆန်ထည့်ထားသော Rice Cooker ထဲသို့ ဒယ်ထဲမှ ထောပတ်ရည်၊ မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊ သီဟိုဌ်စေ့၊ စပျစ်ခြောက်၊ spices တို့ကို လောင်းထည့်လိုက်ပါ။

၅။ ရေ(၃ခွက်)၊ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပြီ ထမင်းရိုးရိုးချက်သလိုပဲ ချက်ပေးပါ။

၆။ ထောပတ် ထမင်းကျက်ပြီဆိုလျှင် သမအောင် ယောက်မဖြင့် ရောမွှေလိုက်ပါ။

ရ။ ထို့နောက် အရသာ အနေတော်လျှင် အရသာ ရှိသော ထောပတ်ထမင်းကို ကြက်သားဟင်း၊ ငပိကြော်၊ ချဉ်ပေါင်ရွက် ဟင်းချို တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

————————————————————————————

ကြက်သားဟင်းအတွက် ပါ၀င်ပစ္စည်းများ

၁။ ကြက်သား – ၄၀ကျပ်သား (အတုံးကြီးများ တုံးပါ)

၂။ ကြက်သွန်နီ – ၆လုံး (နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

၄။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်း အရည်ညှစ်ပါ)

၅။ အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ရ။ ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၈။ နံံနံပင် – ၁စည်း

ကြက်သားဟင်း ချက်ပြုတ်နည်း

၁။ ပါ၀င်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ကြက်သွန်နီ(တ၀က်)၊ ကြက်သွန်ဖြူ(တ၀က်)၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်)တို့ကို ရောနုယ်ထားပြီ ရေခဲသတ္တာထဲတွင် နာရီ၀က်မျှ နုပ်ထားပေးပါ။

၂။ ပြီမှ မချက်ခင် ၅မိနစ်လောက် အပြင်ကို ကြိုထုတ်ထားပေးပါ။

၃။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကျန် ကြက်သွန်ဖြူ၊ နီ(တ၀က်)ကို ဆီသပ်ပေးပါ။

၄။ ပြီနောက် အရောင်တင်မှုန့်ထည့်လိုက်ပါ။

၅။ ထို့မှ နုပ်ထားသော ကြက်သားများကို ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် လုံးချက်ပေးပါ။

၆။ ကြက်သားနူးရန် ကြက်သားမြုပ်ရုံ ရေထည့်ပေးပြီ အဖုံးအုပ်ထားပါ။ မနူးသေးလျှင် နောက်တစ်ရေ ထပ်ထည့်ပါ။

ရ။ ကြက်သားနူးပြီဆိုမှ နံနံပင်များကို အပေါ်မှ အုပ်ပေးပြီ မီးပိတ်လိုက်ပါ။

ပြီးရင်တော့ အရသာရှိစွာ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...