🍗🍗ကြက်အာပူသောက်ဆမ်း ချက်နည်း 🌶🌶
ကြက်သားကို ပုံမှန် ချက်နေကျ မဟုတ်ပဲ ဆီ မပါတဲ့အတွက် အအီပြေတဲ့အပြင် ခံတွင်းရှင်းပီး ထမင်းမိန်စေတဲ့ ဟင်းတစ်ခွက်ပါ ချက်စားကြည့်နော် 😋😋
ပါဝင်ပစ္စည်းများ
🔸🔸🔸🔸🔸🔸
၁။ ကြက်သား - ၂၅သား ( ဗမာကြက်ဆိုပိုကောင်း)
၂။ ဆင်ခရမ်းချဉ်သီး - ၅ လုံး
(အခွံနွှာရေဆေးပြီး လေးစိတ်စိတ်ထားပါ)
(မကျီးမှည့်ဖျော်ထည့်လည်းရ)
၃။ စိမ်းစားငပိ - အနည်းငယ်
၄။ ငရုတ်ကောင်း - အနည်းငယ် (မထည့်လဲရ)
၅။ ကြက်သွန်နီ/ကြက်သွန်ဖြူ - (၁)လုံးစီ
၆။ အရောင်တင်မှုန့် - အနည်းငယ်
၇။ ဆား၊ နနွင်း၊ ဟင်းခတ်မှုန့်
၈။ စပါးလင်
၉။ အာပူရွက်
၁၀။ နံနံပင်
ချက်ပြုတ်နည်း
🔸🔸🔸🔸🔸
🍗 သန့်စင်ပြီးတုံးထားသော ကြက်သားကို ကြက်သွန်ဖြူ နီ ၊ စပါးလင်၊ အရောင်တင်မှုန့်၊ နနွင်း၊ ဆီနဲနဲဖြင့် ဆီသတ်ပါ
(ဆီများလျှင်စားမကောင်းပါ)
🍅 အနံ့မွှေးလာလျှင် ဆင်ခရမ်းချဉ်သီး လေးစိပ်ကွဲထည့်၊ ရေထည့်၊ ငပိအနည်းငယ်ဖြင့် ဆူလာသည် အထိတည်ပါ။
🥬 ကြက်သားနှင့် ဆင်ခရမ်းချဉ်သီး နူးအိလာလျှင် အပေါ့အငန်မြည်း၍ အာပူရွက်အုပ်ပါ။
🧂 စားကာနီး နံနံပင် အုပ်၊ ငရုတ်ကောင်းခတ်၍ ပူပူနွေးနွေးချဉ်ငန်စပ် သုံးဆောင်နိုင်ပါပြီ😋😋
#Credit
Comments
Post a Comment