Translate(ဘာသာပြန် )t🤦‍♂️🤦‍♂️🤦‍♂️😤

Showing posts with label ဝက်နားရွက်သုပ်. Show all posts
Showing posts with label ဝက်နားရွက်သုပ်. Show all posts

Thursday, August 18, 2022

ဝက်နားရွက်သုပ်

 


ဝက်နားရွက်သုပ်

ဆီချက်လေးနဲ့သုပ်ထားတာပါ။ ဝက်နားရွက်ကို အညှီနံသက်သာစေရန် သံပုရာသီးအနည်းငယ်ညှစ်ချပြီး နယ်ပါ။ ပြီးမှ ရေပြန်ဆေးချပြီး စပါးလင် ဂျင်း ထည့်ထားသော ရေနွေးဆူဆူမှာ နူးသည်အထိပြုတ်ပေးပါ။

ကြက်သွန်ဖြူကိုပါးပါးလှီးပြီး ဆနွင်းအနည်းငယ်ထည့်ကာ ဆီချက် ချက်ထားပါ။ ရှောက်ရွက် ကြက်သွန်နီ ခရမ်းချဉ်သီးပါးပါးလှီးထား ငရုတ်သီးစိမ်း သံပုရာသီးလှီးထားပါ။ ဝက်နားရွက်လည်းပါးပါးလှီးထားပေးပါ။

အပေါ်ကအစာပလာတွေအားလုံးကိုထည့် ငံပြာရည် အရသာမှုန့် (သို့) ပုဇွန်ခြောက်မှုန့် နဲ့ အရောင်အနည်းငယ်လှစေဖို့ ငရုတ်သီးမှုန့် ပါသည်ဆိုရုံလေးထည့်ပြီး သံပုရာရည်ညှစ်ပြီး သုပ်ထားပါတယ်။ အဆင်ပြေကြပါစေနော်။

Crd မူရင်း