Labels

Showing posts with label Keto ကြက်သောက်စမ်းလေး ချက်ရအောင်. Show all posts
Showing posts with label Keto ကြက်သောက်စမ်းလေး ချက်ရအောင်. Show all posts

Friday, August 19, 2022

Keto ကြက်သောက်စမ်းလေး ချက်ရအောင်

 


Keto ကြက်သောက်စမ်းလေး ချက်ရအောင်

ပါဝင်ပစ္စည်းများ

ဗမာကြက်၄၀သား

ကြက်သွန်ဖြူ၄ဥ

ဂျင်းလက်တဆစ်

စပါးလင်တပင်

ငြုပ်သီးရှည်ခြောက်၆တောင့်

စူကာညွန့် ဖယုံညွန့် မုန်ညှင်းစိမ်း

မှို ၁၀ သား

ပင်စိမ်းတစည်း ရှမ်းနံနံ

သံပုရာသီးတလုံး

ငြုပ်သီးစိမ်းလက်တဆုတ်

ကြက်သွန်နီ၂လုံး

ချက်ပြုတ်နည်း

ကြက်သားကို အတုံးလေးတွေတုံး ရေဆေးပါ

ဂျင်း ကြက်သွန်ဖြူ ငြုပ်ခြောက်ရှည်တောင့်ကိုမညက်တညက်ထောင်းပါ

ပြီးရင် ကြက်သားကို ဆား ဆနွင်းနဲနဲ အရသာမှုန့် ငံပြာရည် ထည့်ပီး ထောင်းထားတာနဲ့ရောသမနယ်ပြီးနှပ်ထားပါ စပါးလင်အရင်းပိုင်းကိုတစောင်းလှီးထားပါ

ဒယ်အိုးတလုံးတွင် ရေတလီတာထည့်ပီးတည်ထားပါ

ရေဆူရင် ကြက်သားလုံးထားတာနဲ့စပါးလင်ကိုထည့်ပီးအဖုံးအုပ်ထားပါ

ဆယ်မိနစ်ကြာလို့ ကြက်သားနူးလောက်ပီဆို

မှို ကြက်သွန်နီလေးစိပ်ခွဲ ငြုပ်သီးစိမ်းထည့်ပီး ထပ်တည်ထားပါ အရသာပေါ့ငန်မြည်းပါ

ပီးရင် အညွန့်အရွက်စုံ ရှမ်းနံနံ ပင်စိမ်းတို့ကိုထည့်ပီးအဖုံးအုပ်ပီးမီးပိတ်လိုက်ပါ ပြီးမှသံပုရာရည်ညှစ်ပီးအသင့်စားလို့ရပါပီး

#သောက်ဆမ်းဟင်းဖြစ်တဲ့အတွက် ဟင်းရည်အကျဲအပြစ်ကို လိုသလောက်ရေနွေးထည့်ပီး စားသုံးနိုင်ပါတယ်

💕ရွှေပုလက်ရာ💕Credit