Skip to main content

Posts

Showing posts with the label အာလူးပူရီလုပ်စားရအောင်😍😍😍

အာလူးပူရီလုပ်စားရအောင်😍😍😍

 ဒီနေ့မနက် အာလူးပူရီပါ         စတီးဇလုံတခုမှာရိုးရိုး ဂျုံမှုန့်ကို zebra စတီးဟင်း ခတ်ဇွန်းနှင့်မောက်မောက် ၅ ဇွန်းထည့်ပါ ရေ ၃ ဇွန်းထည့်ပါ ဆီ ၁ ဇွန်းထည့်ပါ ဆားနဲနဲ ထည့်ပါ ဇီယာစေ့ရှိရင်နဲနဲထည့်ပါ လက်ဖနှောင့်ဖြင့်ဖိပြီးဂျုံကိုနယ်ပေးပါ မုန့်သား​ညက်ပြီး ပြောင်ချောလာသည့်အထိ ၁၀ မီနစ်ခန့်နယ်ပေးပြီးအဖုံး အုပ်ကာ ၁ နာရီခန့်နှပ်ထားပါ ပြီးရင်မုန့်သားအလုံးကို စဥ့်နီတုန်းသစ်သားအပြားပေါ် ဂျုံမှုန့်နဲနဲဖြူးကာတင်ပြီးအရှည်လိမ့်ကာ အပိုင်း ၈ ပိုင်း ဖြတ်ပြီးလုံးထားပါ လုံးထားတာတခုချင်းကိုဖိပြားပြီးဂျုံ မှုန့်ဖြူးပြီးဒလိမ့်တုံးဖြင့်အဝိုင်း ပြားလိမ့်ပါ အဝိုင်ပြားတခုချင်းကိုဆီများများဆီပူပူတွင် ကြော်ပါ ကြော်နေစဥ်မုန့်သား ပေါ်ကိုဆီပက်ပေးပါ အဲဒါမှ မုန့်သားဖေါင်းလာပါမယ် နီရောင်သန်းလာရင်ဆီစစ်ပြီးဆယ်ယူပါ ကျန်တာကိုလည်း ဆက်ကြော်ပါ ပူရီမုန့်ရပါပြီ             အာလူးကိုအခွံသင်ပြီး စိတ်လှီးကာရေမြုပ်အောင် ထည့်ပြီးကျက်အောင်ပြုတ်ပါ ရေစဆူပြီးမီနစ် ၂၀ ကြာရင် အားလူးကျက်ပါသည် ကြက်သွန်နီကိုစင်းလှီးထားပါ ချင်းကြက်သွန်ဖြူကိုညက်ညက်ထောင်းထားပါ ခရမ်း ချဥ်သီးကိုအတုံးသေးသေးလှီးပါ ငရု...