Skip to main content

အာလူးပူရီလုပ်စားရအောင်😍😍😍

 ဒီနေ့မနက်
အာလူးပူရီပါ

        စတီးဇလုံတခုမှာရိုးရိုး

ဂျုံမှုန့်ကို zebra စတီးဟင်း

ခတ်ဇွန်းနှင့်မောက်မောက်

၅ ဇွန်းထည့်ပါ ရေ ၃ ဇွန်းထည့်ပါ ဆီ ၁ ဇွန်းထည့်ပါ ဆားနဲနဲ

ထည့်ပါ ဇီယာစေ့ရှိရင်နဲနဲထည့်ပါ လက်ဖနှောင့်ဖြင့်ဖိပြီးဂျုံကိုနယ်ပေးပါ မုန့်သား​ညက်ပြီး

ပြောင်ချောလာသည့်အထိ

၁၀ မီနစ်ခန့်နယ်ပေးပြီးအဖုံး

အုပ်ကာ ၁ နာရီခန့်နှပ်ထားပါ

ပြီးရင်မုန့်သားအလုံးကို

စဥ့်နီတုန်းသစ်သားအပြားပေါ်

ဂျုံမှုန့်နဲနဲဖြူးကာတင်ပြီးအရှည်လိမ့်ကာ အပိုင်း ၈ ပိုင်း

ဖြတ်ပြီးလုံးထားပါ လုံးထားတာတခုချင်းကိုဖိပြားပြီးဂျုံ

မှုန့်ဖြူးပြီးဒလိမ့်တုံးဖြင့်အဝိုင်း

ပြားလိမ့်ပါ အဝိုင်ပြားတခုချင်းကိုဆီများများဆီပူပူတွင်

ကြော်ပါ ကြော်နေစဥ်မုန့်သား

ပေါ်ကိုဆီပက်ပေးပါ အဲဒါမှ

မုန့်သားဖေါင်းလာပါမယ်

နီရောင်သန်းလာရင်ဆီစစ်ပြီးဆယ်ယူပါ ကျန်တာကိုလည်း

ဆက်ကြော်ပါ ပူရီမုန့်ရပါပြီ

            အာလူးကိုအခွံသင်ပြီး

စိတ်လှီးကာရေမြုပ်အောင်

ထည့်ပြီးကျက်အောင်ပြုတ်ပါ

ရေစဆူပြီးမီနစ် ၂၀ ကြာရင်

အားလူးကျက်ပါသည်

ကြက်သွန်နီကိုစင်းလှီးထားပါ

ချင်းကြက်သွန်ဖြူကိုညက်ညက်ထောင်းထားပါ ခရမ်း

ချဥ်သီးကိုအတုံးသေးသေးလှီးပါ ငရုတ်သီးစိမ်း နံနံပင်ကို

ပါးပါးလှီးထာပါ ငရုတ်သီး

တောင့်ကြော်ထားပါ

အိုးတလုံးမှာဆီသင့်ရုံထည့်

ပြီးချင်းကြက်သွန်ဖြူထောင်း

ထားတာကိုဆီသတ်ပါ မုန်ညှင်းစေ့ရှိရင်ထည့်ပါ ပျဥ်

တော်သိမ်ရွက်ထည့်ပါ မွှေပေးပါ ကြက်သွန်နီခရမ်းချဥ်သီးထည့်ပါမွှေပေးပါ ရေနဲနဲထည့်ပါ အာလူးထည့်ပါ ဆားအချို

မှုန့်ထည့်ပါ အာလူးကိုဖိပြီးနဲနဲ

ချေပေးပါ အရသာမြည်း

ကွညျ့ပါ အနတေောျဆျိုနံနံပငျ

လှီးထားတာထည့်ပါ ဇီယာမှုန့်မဆလာမွှေးမှုန့်ဖြူးထည့်ပြီမွှေပေးပါ အာလူးဟင်းရပါပြီ

ပန်းကန်မှာထည့်ပြီးအပေါ်မှာ

ငရုတ်သီးတောင့်ကြော်တင်

ပေးပါ ပူရီကြော်ထားတာနှင့်

စားလို့ရပါပြီ

     စားကောင်းကြပါစေ

Credit : U Kyaw Shwe

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...