Skip to main content

#ကပ်ကြေးကိုက်လုပ်နည်း ( ၃ ပွဲစာ)💕💕💕

 


#ကပ်ကြေးကိုက်လုပ်နည်း ( ၃ ပွဲစာ)

ကပ်ကြေးကိုက်ကြော်နည်း တကယ့်အစစ်ကတော့ ပင်လယ်စာအစုံနဲ့ပါ။ ပင်လယ်စာ ၃ မျိုး၊ ကြက်သား၊ ၀က်အူချောင်းတို့နဲ့ကြော်ထားပါတယ်။ ကပ်ကြေးကိုက် ကတော့ လူတိုင်းနည်းပါးကြိုက်ကြပါတယ်။ သူ့အရသာက ချဉ်စပ်လေးနဲ့ပဲပြုတ်စိမ့်စိမ့်လေးနဲ့အရမ်းကောင်းပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါ၀င်သောပစ္စည်းများ

၁။ ကပ်ကြေးကိုက်ခေါက်ဆွဲ (သို့) ညှပ်ခေါက်ဆွဲ - ၂၅ ကျပ်သား (သို့) ၁ ပေါင်

၂။ ခေါင်းမပါသော ပုဇွန် - ၁၀ သား

၃။ ပြည်ကြီးငါး - ၅ ကျပ်သား

၄။ ဂဏာန်းအသား - ၅ ကျပ်သား

၅။ ကြက်သား - ၅ ကျပ်သား

၆။ ၀က်အူချောင်း - ၅ ကျပ်သား

၇။ ပဲပြုတ် - လက်တဆုပ်စာ

၈။ ပဲပင်ပေါက် - လက်တဆုပ်စာ

၉။ ဆီ - ထမင်းစားဇွန်း ၆ ဇွန်း

၁၀။ ပအုန်းရည် - ထမင်းစားဇွန်း ၃ ဇွန်း (မရှိလျှင် ရှာလကာရည်ကို အသုံးပြုနိုင်ပါတယ်။)

၁၁။ ငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း

၁၂။ ပဲငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း

၁၃။ သကြား - ထမင်းစားဇွန်း ၁ ဇွန်း

၁၄။ ပဲငံပြာရည်အပျစ် (ကြာညို့) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၁၅။ ကြက်သားမှုန့်- လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၁၆။ ငရုတ်သီး အကြမ်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း (အစပ်မကြိုက်လျှင် လျော့ထည့်ပါ။)

၁၇။ ကွကျဥ - ၂ လုံး

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း

၁။ ခေါက်ဆွဲဖတ်များကို ဖွထားပြီး ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် အပျစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား ထမင်းစားဇွန်း ၁ ဇွန်း၊ ပအုန်းရည်တို့ဖြင့် နယ်ထားပါ။

၂။ ပုဇွန်ကို အခွံနွှာရ်ျ သန့်စင်ထားပါ။ ပြည်ကြီးငါး၊ ကြက်သား၊ ၀က်အူချောင်းတို့ကို ကြိုက်နှစ်သက်ရာ အရွယ်လှီးထားပါ။

၃။ ကြော်မည့် ဒယ်အိုးထဲကို ဆီထည့် အပူပေးပြီး ဆီပူလာလျှင် ခလောက်ထားသော ကြက်ဥကို မွှေကြော်ပါ။ ထို့နောက် ဒယ်အိုးထဲမှ ဆယ်ထားပါ။

၄။ ကြက်ဥကြော်ရ်ျ ကျန်သောဆီဖြင့် ငရုတ်သီးအကြမ်းမှုန့်ကို ထည့်ရ်ျ ဆီသတ်ပါ။ မွှေးလာလျှင် ကြက်သားနှင့် ၀က်အူချောင်းကို ထည့်ကြော်ပါ။ ကြက်သားမှ အရည်များခမ်းသွားလျှင် ပင်လယ်စာများကို ထည့်ကြော်ပါ။ ပဲငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရ်ျ မွှေပါ။

၅။ အသားများကျက်လျှင် ခေါက်ဆွဲဖတ်များထည့်ရ်ျ ကြော်ပါ။ (ခေါက်ဆွဲဖတ်များ နယ်ထားသော ဇလုံထဲမှ အရည်များပါအကုန်ထည့်ပါ။)


လေးစားလျှက် crd. Credit

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...