Labels

Showing posts with label ကြက်သားကင်နဲ့ဝက်သားကင်. Show all posts
Showing posts with label ကြက်သားကင်နဲ့ဝက်သားကင်. Show all posts

Wednesday, August 24, 2022

ကြက်သားကင်နဲ့ဝက်သားကင်


 ကြက်သားကင်နဲ့ဝက်သားကင်တွေကို

အနံ့လေးမွှေးပြီးအရသာလဲရှိနေအောင်

ဘယ်လိုအရသာနှပ်ကင်ရမယ်ဆိုတာကို

မင်မင့်နည်းလေးမျှဝေပေးမယ်နော်


အချဉ်ဖျော်စပ်နည်းလေးလဲပါတယ်နော်


အခုမင်မင်မျှဝေပေးမှာကဝက်သား ၅၀ သား

ကြက်တစ်ပိဿာစာအချိုးစားအတွက်ပါလို့


ကြက်သားပဲဖြစ်ဖြစ် ဝက်သားပဲဖြစ်ဖြစ်


၁။ ဆန်အရက် - ရေသန့်ဖုံးသေး ၂ ဖုံး

၂။ တရုတ်မဆလာ - လဖက်ဇွန်း ၄ ဇွန်း

၃။ လျှာထုံမှုန့် - လဖက်ဇွန်း ဇွန်းတစ်ဝက်

၄။ ပဲငံပြာရည် - ထမင်းစားဇွန်း ၄ ဇွန်း


ဂျင်း/ကြက်သွန်ဖြူထောင်းအရည်နဲ့


ဆား/ဟင်းချိုမှုန့်အနည်းငယ်တို့ပဲဖြစ်ပါတယ်။


ပါဝင်ပစ္စည်းတွေအားလုံးကိုရောနယ်ပြီးရင်

အဖုံးပါတဲ့ဗူးထဲလုံအောင်ပိတ် ရေခဲသေတ္တာထဲ

၁ ညလောက်နှပ်ထားပြီးမှကင်စားရင်တော့


ဆိုင်ကြီးတွေမှာကင်တဲ့အသားကင်မျိုးလေး

အနံ့မွှေးမွှေး အရသာရှိရှိစားရမှာဖြစ်ပါတယ်။


#ကင်တဲ့အခါမပြုတ်ပဲအစိမ်းတိုင်းပဲကင်ပါ။

ကြက်သားဆိုအရင့်ကိုမသုံးပါနဲ့နော်။


#ရှမ်းကြက်/အိမ်ကြက်/CP ကြက်နဲ့ကင်ပါ။


#Credit Nang Myat K Tar

အချဥ်ရည်စပ်နည်း

ကြက်သွန်ဖြူ-ငရုတ်သီးနုတ်နုတ်စင်း

ပဲငံပြာရည်-ဆား-ဟင်းချိုမူန့်ထည့်

သံပုရာသီး-ရေသန့်အနည်းငယ်

ခပ်ပျစ်ပျစ်လေးဖျော်ပြီအသားကင်နဲ့ကအလိုက်ဖက်ဆုံးပါဘဲနော်😊😊

Crd See less