သီးစုံချဉ်ရေဟင်း ချက်နည်း ======================= ပထမဦးစွာ ... ဒန့်သလွန်သီး ဗူးသီး ခရမ်းသီး ပဲသီး ဖရုံသီး ပဲဇောင်းလျားသီး အာလူး ရုံးပတီသီး များကို အနေတော်အရွယ်လှီးဖြတ်ပါ ... ရုံးပတီသီးအား ဖယ်ထား၍ လှီးဖြတ်ထားသော အသီးအရွက်များအား ရေစင်အောင်ဆေးပြီး ဟင်းချက်မည့်ဒန်အိုးထဲထည့်ထားပါ ..။ ကြက်သွန်နီ နှစ်ဥခန့်ပါးပါးလှီးထား ကြက်သွန်ဖြူ တစ်ဥခန့် အခွံသင် ဒါးပြားရိုက်ထားပါ ... အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင်တော့ ဒယ်အိုးထဲ ဆီအသင့်အတင့်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီ ဆီသပ်ပါ ... ကြက်သွန်နီ အရောင်ပြောင်းလာလျှင် ဒါးပြားရိုက်ထားသော ကြက်သွန်ဖြူထည့် တစ်လက်စထဲ ငရုပ်သီးအစိမ်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းခွဲခန့် ထည့်၍ ဆီသပ်ပါ ... ( ငါးခြောက်ရိုး ကုလားပဲတို့ဖြင့် ချက်လိုလျှင် ဆီသပ်အိုးထဲသို့ ငါးခြောက်ရိုး ပဲပြုတ်ထားပြီးသားများ ဆီထည့်သပ်ပါ ... မဆလာကြိုက်လျှင် မဆလာပါရောထည့် ဆီသပ်ပါ ...) ဆီသပ်ခြင်းကိစ္စ ပြီးဆုံးသွားပြီ ဆိုလျှင်တော့ ခုဏက ရေဆေးသန့်စင်ပြီး ထည့်ထားသော သီးစုံအိုးဒန်အိုးထဲသို့ ဆီသပ်များသွန်ထည့်ပါ ... အရသာ ဆား ဟင်းခတ်မှုန့် လိုအပ်သလိုထည့် ရေထည့်ပြီး တယ်ပါလေ ...။ သီးစုံအိုးတယ်ထား...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈