Skip to main content

သီးစုံချဉ်ရေဟင်း ချက်နည်း

 


သီးစုံချဉ်ရေဟင်း ချက်နည်း 

=======================

ပထမဦးစွာ ...

ဒန့်သလွန်သီး ဗူးသီး ခရမ်းသီး ပဲသီး ဖရုံသီး ပဲဇောင်းလျားသီး အာလူး ရုံးပတီသီး များကို အနေတော်အရွယ်လှီးဖြတ်ပါ ...

ရုံးပတီသီးအား ဖယ်ထား၍ လှီးဖြတ်ထားသော အသီးအရွက်များအား ရေစင်အောင်ဆေးပြီး ဟင်းချက်မည့်ဒန်အိုးထဲထည့်ထားပါ ..။

ကြက်သွန်နီ နှစ်ဥခန့်ပါးပါးလှီးထား ကြက်သွန်ဖြူ တစ်ဥခန့် အခွံသင် ဒါးပြားရိုက်ထားပါ ...

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင်တော့

ဒယ်အိုးထဲ ဆီအသင့်အတင့်ထည့် နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီ ဆီသပ်ပါ ... ကြက်သွန်နီ အရောင်ပြောင်းလာလျှင် ဒါးပြားရိုက်ထားသော ကြက်သွန်ဖြူထည့် တစ်လက်စထဲ ငရုပ်သီးအစိမ်းမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းခွဲခန့် ထည့်၍ ဆီသပ်ပါ ...

( ငါးခြောက်ရိုး ကုလားပဲတို့ဖြင့် ချက်လိုလျှင် ဆီသပ်အိုးထဲသို့ ငါးခြောက်ရိုး ပဲပြုတ်ထားပြီးသားများ ဆီထည့်သပ်ပါ ... မဆလာကြိုက်လျှင် မဆလာပါရောထည့် ဆီသပ်ပါ ...)

ဆီသပ်ခြင်းကိစ္စ ပြီးဆုံးသွားပြီ ဆိုလျှင်တော့ ခုဏက ရေဆေးသန့်စင်ပြီး ထည့်ထားသော သီးစုံအိုးဒန်အိုးထဲသို့ ဆီသပ်များသွန်ထည့်ပါ ...

အရသာ ဆား ဟင်းခတ်မှုန့် လိုအပ်သလိုထည့် ရေထည့်ပြီး တယ်ပါလေ ...။

သီးစုံအိုးတယ်ထားချိန်မှာ မကျည်းသီးမှည့် အနည်းငယ်ကို ရေနွေးရှိလျှင် ရေနွေးဖြင့်၊ မရှိလျှင် ရေအေးဖြင့် စိမ်ထားပါ ... ရုံးပတီသီး လှီးထားပါ ...။

သီးစုံအိုး ပွက်ပွက်ဆူပြီး အသီးအနှံများ နူးလောက်ပြီ ဆိုလျှင်တော့ စိမ်ထားသော မကျည်းနှစ်အရည် လိုအပ်သလို သင့်တင့်မျှတစွာထည့်ပါ ... မကျည်းရေထည့်ပြီး ပွက်ပွက်ပြန်ဆူလာပြီ ဆိုလျှင်တော့ အပေါ့ အငန် အချဉ် အရသာ မြည်းပါ ... ရေထည့်မှု အပေါ်မှာ အပေါ့ အငန် မြည်းပေးရမှာဖြစ်ပါတယ် ...

အသီးအနှံများလည်း နူးပြီ အရသာလည်း အဆင်ပြေပြီ ဆိုလျှင်တော့ လှီးထားသော ရုံးပတီသီးများ ထည့်မွှေပြီး မီးဖိုပေါ်မှ သီးစုံချဉ်ရေဟင်းအိုး ချလို့ရပါပြီ ...။

credit: ချက်နည်းပြုတ်နည်းဗျူုဟာများ

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...