Skip to main content

ငါးပိရည်ကောင်းကောင်းတစ်ခွက်

 



ငါးပိရည်ကောင်းကောင်းတစ်ခွက်ရှိရင် အသားဟင်းတောင်မလိုဘူးနော်  ပြုလုပ်နည်းများ 

" ငရုတ်ကြိတ်ငပိရည်ဖျော်နည်း ချဉ်ဖတ်စိမ်နည်း နှင့် တို့စရာစိမ်းအောင်ပြုတ်နည်း "

တို့စရာစိမ်းအောင်ပြုတ်နည်း

ရေနွေးဆူဆူထဲတို့စရာထည့်ပြုတ်ပြီး တို့စရာနွမ်းလောက်ပြီဆိုရင်ဖြင့် ဇကာနဲ့ဆယ်ယူပြီး ရေအေးဖြင့်ချက်ချင်းစိမ်ပေးရုံပါဘဲ ဒါဆို တို့စရာစိမ်းစိမ်းလေးရမှာ

Credit post

အိုးကြီးငပိရည်ဖျော်နည်း

နော့ အတွက်ကတော့ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့  နော့ရဲ့ ငပိရည်ဖျော်နည်းလေးကို ပြန်လည်မျှဝေပေးပါမယ် 

>>( ဆရာလုပ်တာမဟုတ်ပါဘူးနော့) << 

ငါးပိရည်ဖျော်တဲ့နေရာမှာ လူတိုင်းကတော့ ကိုယ်ကြိုက်သလိုလေး ဖျော်စားကြတယ် တစ်ချို့ဆို ငါးမီးဖုတ်လေးနဲ့ဖျော်တယ် တစ်ချို့ဆို ပုဇွန်းလှော်ပြီးတော့ ဖျော်ကြတယ် အမျိုးအမျိုးဖျော်စားကြတယ် 

>> နော်ကတော့ ငပိရည်တို့စရာလုပ်ရောင်းတဲ့သူဆိုတော့ ငါးပိရည်ကို ပလိန်းလေးပဲဖျော်တယ် ပလိန်းဆို့လို့ မကောင်းဘူးတော့ မထငျလျုကျနဲ့နော့  

ငါးပိရည် စကျိ ုတော့မယ်ဆိုရင်  > 1 ဒယ်အိုးထဲကို ဆီနဲနဲလေးထည့်ပြီးရင် နနှငျူထညျ့ နနွင်းလေးကျက်ပြီဆိုရင် 

ငါးပိကိုထည့်ဆီသပ်ပြီးချေပေး ငါးအရိုးတွေအသားလေးတွေကျေလာအောင် လာပြီလာပြီဆိုရင်

ငါးပိရည်အနံ့လေးမွှေးလာလိမ့်မယ် နော်ကတော့ ရေနွေးနဲ့ကြိုတယ်

အဆင်သင့်တည်ထားတဲ့ရေနွေးဖြ ူကိုလောင်းထည့် ကိုယ်လိုသလောက်ပေါ့ ပြီးသွားရင် ငရုပ်သီးစိမ်း ကြက်သွန်ဖြ ူတို့ကို ကြိတ်စက်နဲ့ရောကြိတ် >> မှတ်ချက် >> ငရုပ်သီးကိုအရမ်းညက်အောင်မကြိတ်ပစ်ပါနဲ့  အရန်းညက်သွားရင် ငရုပ်သီး ညီးဆော်နံသွားတတ်လို့ပါ <<  ကြိတ်ပြီးသွားပြီဆိုရင် ကိုယ်ဖျော်ဖို့လုပ်တဲ့ ပုဂံလုံးထဲမှာ ငရုပ်သီးကြိတ်ပြီးသားတွေရယ် အချို့မှုန့်အနေတော် ကြက်သားမှုန့်အနေတော် ဆားလိုသလောက်ထည့် ပြီးရင်မွှေ  ဒါပါပဲရှင့်  ဘာမှတော့မခက်ပါဘူး  

တစ်ချို့တော့ထင်လိမ့်မယ် ငရုပ်သီးက လှော်မထည့်ပဲနဲ့အစိမ်းထည့်တော့ ဗိုက်နာမှာပေါ့လို့ထင်လိမ့်မယ် 

ကြက်သွန်ဖြ ူထည့်ထားတဲ့အတွက် ဗိုက်မနာပါဘူးလို့ ပြောလိုက်ပါရစေ   ကဲဒီလောက်ဆိုရင် နော့ရဲ့ လွယ်ကူရိုးရှင်းတဲ့ငါးပိရည်ဖျော်နည်းလေး သိသွားလောက်ပါပြီနော့

Credit Kay Kay

Credit all photos Kay Kay

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...