Skip to main content

Posts

Showing posts with the label #ငါးခေါင်းα€’α€”့်α€žα€œွα€”်α€Ÿα€„်း

#ငါးခေါင်းα€’α€”့်α€žα€œွα€”်α€Ÿα€„်း

  #ငါးခေါင်းα€’α€”့်α€žα€œွα€”်α€Ÿα€„်း ပါဝင်ပစ္α€…α€Š်း  ⏭⏭⏭ ငါးα€€ြင်းခေါင်း ၃ ခေါင်း α€’α€”့်α€žα€œွα€”်α€žီး ၈ တောင့် ခရမ်းချα€₯်α€žီး ၃ α€œုံး ငါးα€€ြင်းခေါင်း ပါးα€Ÿα€•်တွေα€–α€š်ပြီးα€›ေစင်စင်ဆေးပါ။  α€’α€”့်α€žα€œွα€”်α€žီးα€€ို ထကြောခွာပြီး ထနေတော်ပိုင်းα€–ြတ်ထားပါ။ ခရမ်းချα€₯်α€žီးပါးပါးα€œှီးပါ။ ✳✳✳✳✳✳✳ ချα€š်α€™α€š့်ထိုးထဲငါးα€€ြင်းခေါင်းα€‘α€Š့်ပါ ။ ခရမ်းချα€₯်α€žီးα€œှီးပြီးα€žားα€‘α€Š့်ပါ။ ဆီ ထမင်းα€…ားဇွα€”်း ၁ ဇွα€”်း၊ ငါးငံပြာα€›α€Š် ထမင်းα€…ားဇွα€”်း ၁ ဇွα€”်း၊ ငရုတ်α€žီးα€…ိα€™်းα€™ှုα€”် ထမင်းα€…ားဇွα€”်း ၁ ဇွα€”်း၊ ဆား၊α€”α€”ွင်း၊α€Ÿα€„်းα€›ွα€€်α€™ှုα€”့်α€žα€„့်α€›ုံ၊ α€™ျှင်ငပိα€”α€Š်းα€”α€Š်းα€‘α€Š့်ပြီး ထားα€œုံးα€žα€™α€‘ောင် α€”α€š်ပေးပါ။ α€›ေα€œေးα€”α€Š်းα€”α€Š်းα€‘α€Š့်ပြီး α€α€α€œုံးချα€€်ပါ။ ငါးα€Šှီα€”ံ့ပျောα€€်α€™ှ ငါးခေါင်းα€™ြုပ်ထောင်α€›ေα€‘α€Š့်ပြီးချα€€်ပါ။ ငါးခေါင်းα€™α€€ြေထောင် α€‘α€žာα€‘α€šာα€™ွှေပေးပါ။ ပွα€€်ပွα€€်ဆူပြီဆိုα€™ှ α€‘α€žα€„့်ပြုα€œုပ်ပြီးα€žား α€’α€”့်α€žα€œွα€”်α€žီးတွေα€‘α€Š့်ပါ။ α€’α€”့်α€žα€œွα€”်α€žီးα€”ူးပြီး  ထပေါ့ထငံα€™ြα€Š်းα€žα€„့်ပြီဆို α€›ှα€™်းα€”ံα€”ံခပ်ပြီး ချα€œို့ရပါပြီ။ α€’α€”့်α€žα€œွα€”်α€žီးα€€ို ထနေတော်α€”ူးပြီဆို ချပါ။ α€žူα€”ဲ့တွဲα€–α€€်ပြီး ပုဇွα€”်ငပိထောင်းα€œေးα€”ဲ့α€…ား α€›ှူးα€›ှူးα€›ှဲα€›ှဲခံတွင်းα€™ြိα€”်တဲ့α€Ÿα€„်းပွဲα€œေးရပါပြီ။ #Credit α€žα€„်းα€…ုα€›ိပ်α€™ြုံ