ယိုးဒယား သင်္ဘောသီးထောင်း၊ပုဇွန်အစိမ်းထောင်း၊ထိုင်း Styleပြောင်းဖူးထောင်း ၊ရေဘဝဲ / ကင်းမွန်ထောင်း နည်း(၄)မျိုးလုပ်နည်း👇 (1).ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း ⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐ 📝ပါ၀င်ပစ္စည်းများ သင်္ဘောသီးစိမ်း – အနေတော် တလုံး ပုဇွန်ခြောက် – အကောင် ၂၀ခန့် မြေပဲလှော် – အစေ့၂၀ခန့် ငရုတ်သီးစိမ်း – ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ ထန်းလျှက်ခဲ – ကွမ်းသီးဆံအလုံးလောက် ၃ခဲ ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ ဆား – လက်ဖက်ရည်ဇွန်း တ၀က်သာသာ ပဲတောင့်ရှည် – ၃တောင့် မရှိလို့မထည့်ထားပါ ခရမ်းချဉ်သီး – ခပ်ကြီးကြီး တလုံး သံပုရာသီး – တခြမ်း 📝ပြင်ဆင်ပုံ သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။ ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။ ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။ မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။ ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။ ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။ ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပ...
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈