Skip to main content

ယိုးဒယား သင်္ဘောသီးထောင်း၊


 ယိုးဒယား သင်္ဘောသီးထောင်း၊ပုဇွန်အစိမ်းထောင်း၊ထိုင်း Styleပြောင်းဖူးထောင်း ၊ရေဘဝဲ / ကင်းမွန်ထောင်း နည်း(၄)မျိုးလုပ်နည်း👇

(1).ယိုးဒယား သင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

📝ပါ၀င်ပစ္စည်းများ

သင်္ဘောသီးစိမ်း – အနေတော် တလုံး

ပုဇွန်ခြောက် – အကောင် ၂၀ခန့်

မြေပဲလှော် – အစေ့၂၀ခန့်

ငရုတ်သီးစိမ်း – ၇တောင့်ခန့် အစပ်ကြိုက်လျှင် ပိုထည့်ပါ

ထန်းလျှက်ခဲ – ကွမ်းသီးဆံအလုံးလောက် ၃ခဲ

ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄မွှာ

ဆား – လက်ဖက်ရည်ဇွန်း တ၀က်သာသာ

ပဲတောင့်ရှည် – ၃တောင့် မရှိလို့မထည့်ထားပါ

ခရမ်းချဉ်သီး – ခပ်ကြီးကြီး တလုံး

သံပုရာသီး – တခြမ်း

📝ပြင်ဆင်ပုံ

သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။

ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။

ခရမ်းချဉ်သီးကို ၈ စိတ်စိတ်ထားပါ။

မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။

ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။

ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။

ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။

ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။

ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။

ကျောက်ကျည်ပွေ့ဆိုပါက ၁၅ချက် အချက်၂၀လောက် ထောင်းရင်ရပါပြီ။

သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။

ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။

သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။

ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး၅ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။

စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။

Credit

(2)ပုဇွန်အစိမ်းထောင်း 😍 

-  ဆုံထဲသို့ ငရုတ်ခြောက်တောင့်နှင့်ကြ က်သွန်ဖြူတို့ကို ညှက်အောင်ထောင်းပါ။ 

- ကြံသကာရည် ၊ငါးငံပြာရည် ၊သကြား၊ သံပုရာရည်ညှစ်ထည့်ပါ ။ 

- သရက်စိမ်းလေးတွေကို အမျှင်ခြစ် ခြစ်ထည့်ပါ ။ 

- ပုဇွန်အစိမ်းထည့်ပြီး ရောမွှေပါ ။ 

- ရှမ်းနံနံပါးပါးလှီးထည့်ပါ ။

ဒီလိုဆိုရင်တော့ ပုဇွန်အစိမ်းထောင်း စပ်စပ်လေးစားလို့ရပါပြီ ။ 

Credit

(3)ထိုင်း Styleပြောင်းဖူးထောင်း 

- ပြောင်းဖူးကိုပြုတ်ပြီး အဆင်သင့်လှီးထားပါ။ 

ခရမ်းချဉ်သီးနှင့် ပဲသီးတို့ကိုလည်း အဆင်သင့် လှီးထားပါ။ 

- ကြ က်သွန်ဖြူ၊ ငရုတ်သီး၊ ထန်းလျက်၊ ပုဇွန်ခြောက် တို့ကို ထည့်ထောင်းပါ။ 

- ပြီးလျှင် ငံပြာရည်နှင်အချိုမှုန့်ထည့်ပါ။ 

- ပြင်ဆင်ထားသော ခရမ်းချဉ်သီးနှင့် ပဲသီးတို့ကိုရောထည့်ပါ။ 

- ပြောင်းဖူးကိုထည့်ပါ။ သံပုရာသီးညှစ်ထည့်ပါ။ 

- ပြီးလျှင်တော့ ပုဇွန်ခြောက်အကောင်လိုက်နှင့် မြေပဲလှော်တို့ကို ဖြူးပြီး စိတ်ကြိုက်စားသုံးနိုင်ပါပြီ။ 

Credit

(4)ရေဘဝဲ / ကင်းမွန်ထောင်း 

- ရေဘဝဲကိုဂျင်းထုထောင်းပြီး ရေထည့် ရှလကာရည် နည်းနည်းထည့်ပြီးမိနစ်ခန့် ပြုတ်ပါ။ (အကြာကြီးမပြုတ်ပါနှင့်) 

- ကြ က်သွန်ဖြူ၊ ငရုတ်သီးအနီ၊ ထန်းလျက်၊ ပုဇွန်ခြောက်တို့ကို ထောင်းပါ။ 

- ငံပြာရည်နဲ့အချိုမှုန့် ထည့်ပါ။ 

- ခရမ်းချဉ်သီးကို လှီးပြီးထည့်ပါ။ 

- ရှမ်းနံနံ သို့မဟုတ် တရုတ်နံနံ ကြိုက်နှစ်သက်ရာထည့်နိုင်ပါ။ မြေပဲကြိုက်လျှင် မြေပဲပါထည့်နိုင်သည်။ 

- နောက်ဆုံးအဆင့် သံပုရာသီးညှစ်ထည့်ပါ။ 

ဒီလိုဆိုရင်တော့ ထိုင်း Style ရေဘဝဲ / ကင်းမွန်ထောင်းသုံးဆောင်လို့ရပါပြီရှင်

Credit😋

Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...