Labels

Saturday, August 20, 2022

"#ဆီထမင်းချက်နည်း

 ဆီထမင်းကြိုက်သူများအတွက် ပြုလုပ်နည်း ဝေမျှလိုက်ပါတယ်နော်


"#ဆီထမင်းချက်နည်း



ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် (နို့ဆီဗူး ၁ ဗူး)
ရေနွေး (နို့ဆီဗူး ၁ ဗူး)
ကြက်သွန်နီ ၂ လုံး
ဆား /နနွင်းမှုန့် (အနည်းငယ်)
ဆီ ဇွန်း (၄ ဇွန်း)

တွဲဘက်စားသုံးရန် 😍

အာဗြဲခြောက်ဖုတ် ဆီစိမ်
နှမ်းထောင်း
ပဲပြုတ်

ဒါဆိုဘယ်လိုလုပ်လဲကြည့်လိုက်ရအောင်

        ကောက်ညှင်းကို  ည ထဲကရေစိမ်ပြီး မနက်ချက်ခါနီး ရေစစ်ထားပါ။
        ဆီထည့်ပြီး ကြက်သွန်နီကို အညိုရောင်သန်းအောင်ကြော်ပြီး ခွက်တစ်ခုထဲ
ထည့်ပါ။
        နနွင်းမှုန်.ထည့်ပါ။ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကို ထည့်လှော်ပါ။
        ဆားထည့်ပါ။ ကောက်ညှင်းဆန်များ မာလာတဲ့အထိ လှော်ပေးပါ။
        မာလာပြီဆိုရင် ရေနွေးတစ်ခွက်ထည့်ပြီး မွှေပေးပါ။ ရေခန်းလျှင် အဖုံးအုပ်ပြီး မီးနည်းနည်းဖြင့်တည်ပါ။
        ၅ မိနစ်ခန့်ကြာလျှင် ကောက်ညှင်းဆန်ကို အထက်အောက်လှန်ပေးပြီး အဖုံးပြန်အုပ်ပါ။ ဒီပုံစံနှင့် ၅ မိနစ်ခြားတစ်ခါ လှန်ပေးပါ။            
        ကောက်ညှင်းဆန်အပျော့အမာ စမ်းကြည့်ပါ။မာနေသေးရင် ရေနည်းနည်းထည့်ပေးပါ။
        ကောက်ညှင်းဆန်များ ပျော့စီးလာပြီဆိုရင် ရပါပြီ။ ဂျိုးကြိုက်ရင် အိုးကပ်အောင် မီးပြင်းထပ်တည်ပေးပါ။

ကဲ ဒါဆိုရင်တော့ မြန်မာ့ရိုးရာ ဆီထမင်းလေးရပြီဖြစ်ပါတယ်  ဆီထမင်းရပြီဆိုရင်တော့

ပဲပြုတ်လေးဖြူး
အာဗြဲခြောက်/နှမ်းထောင်းလေးနဲ့ တွဲဖက်စားသုံးလို့ရပြီဖြစ်ပါတယ်။

(Unicode)

😍 အပိုင်း(၅) ဆီထမင်း 😍

အိမ်မှာနေတဲ့ကာလတွေမှာလုပ်စားရတာ လွယ်ကူတဲ့မြန်မာ မုန့်လေးတစ်မျိုးဖြစ်တဲ့
ဆီထမင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်

ပါဝင်ပစ္စည်းများ

ကောက်ညှင်းဆန် (နို့ဆီဗူး ၁ ဗူး)
ရေနွေး (နို့ဆီဗူး ၁ ဗူး)
ကြက်သွန်နီ ၂ လုံး
ဆား /နနွင်းမှုန့် (အနည်းငယ်)
ဆီ ဇွန်း (၄ ဇွန်း)

တွဲဘက်စားသုံးရန် 😍

အာဗြဲခြောက်ဖုတ် ဆီစိမ်
နှမ်းထောင်း
ပဲပြုတ်

ဒါဆိုဘယ်လိုလုပ်လဲကြည့်လိုက်ရအောင်

        ကောက်ညှင်းကို  ည ထဲကရေစိမ်ပြီး မနက်ချက်ခါနီး ရေစစ်ထားပါ။
        ဆီထည့်ပြီး ကြက်သွန်နီကို အညိုရောင်သန်းအောင်ကြော်ပြီး ခွက်တစ်ခုထဲ
ထည့်ပါ။
        နနွင်းမှုန်.ထည့်ပါ။ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကို ထည့်လှော်ပါ။
        ဆားထည့်ပါ။ ကောက်ညှင်းဆန်များ မာလာတဲ့အထိ လှော်ပေးပါ။
        မာလာပြီဆိုရင် ရေနွေးတစ်ခွက်ထည့်ပြီး မွှေပေးပါ။ ရေခန်းလျှင် အဖုံးအုပ်ပြီး မီးနည်းနည်းဖြင့်တည်ပါ။
        ၅ မိနစ်ခန့်ကြာလျှင် ကောက်ညှင်းဆန်ကို အထက်အောက်လှန်ပေးပြီး အဖုံးပြန်အုပ်ပါ။ ဒီပုံစံနှင့် ၅ မိနစ်ခြားတစ်ခါ လှန်ပေးပါ။            
        ကောက်ညှင်းဆန်အပျော့အမာ စမ်းကြည့်ပါ။မာနေသေးရင် ရေနည်းနည်းထည့်ပေးပါ။
        ကောက်ညှင်းဆန်များ ပျော့စီးလာပြီဆိုရင် ရပါပြီ။ ဂျိုးကြိုက်ရင် အိုးကပ်အောင် မီးပြင်းထပ်တည်ပေးပါ။

ကဲ ဒါဆိုရင်တော့ မြန်မာ့ရိုးရာ ဆီထမင်းလေးရပြီဖြစ်ပါတယ်  ဆီထမင်းရပြီဆိုရင်တော့

ပဲပြုတ်လေးဖြူး
အာဗြဲခြောက်/နှမ်းထောင်းလေးနဲ့
တွဲဖက်စားသုံးလို့ရပြီဖြစ်ပါတယ်​ေနာ်။

Credit မူရင်းရေးသားသူ
Credit photos

No comments:

Post a Comment