ပဲတီချဉ်နှင့်ပဲတီချဉ်သုပ် ပဲတီချဉ်ကိုအခုမှထည့်ဖူးပါ တယ် ဆန်းဆေးရည်ဒုတိယ ဆေးရည်ကိုယူပြီးအိုဗာတင်း ပုလင်းမှာတဝက်ကျော်ကျော် ထည့်ပြီးတညစိမ်ထားပါ နောက်နေ့မနက်မှစျေးက ပဲပင်ပေါက် ၂၀၀ ကျပ်ဖိုးဝယ် ပြီးဇလုံတခုမှာထည့်ပြီးရေပြန် ဆေးကအခွံတွေဖယ်ထုက်ပါ ပြီးရင်ရေစစ်ပြီးပဲပင်ပေါက်ကို အိုဗာတင်းပုလင်းထဲကိုဆား ဟင်းခတ်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်မွှေပေးပြီးမှထည့်ပါ ဆားကသင့်ရုံပဲခပ်ထည့်ပါ ၂ ညသိပ်လောက်ထားပြီးရင် နောက်တနေ့မနက်ဆိုပဲတီချဉ် ရပါပြီ ပဲတီချဉ်ကိုအရည်စစ်ပြီးခပ် ကာဖွဖွလေးညှစ်ပြီးပန်းကန် တခုထဲထည့်ပါ ကြက်သွန်နီ တဥပါးပါးလှီးထည့်ပါ မြေပဲဆီဟင်းခတ်ဇွန်း ၁ ဇွန်း ထည့်ပါ နှမ်းလှော် ၁ ဇွန်းထည့်ပါ အချိုမှုန့် နဲနဲလေးထည့်ပါ ငရုတ်သီးစိမ်းတောင့် ၂ တောင့်ပါးပါးလှီးထည့်ပြီ ဖွဖွလေးနယ်ပါ အငံထပ်ထည့် စရာမလိုပါ အရသာမြည်း ကြည့်ပါ အနေတော်ဆိုရင် ပဲပင်ပေါက်သုပ်ရပါပြီ စားကောင်းကြပါစေရှင် Credit : U Kyaw Shwe
👉👉👉👉👉👉👉👉👉👉အစားအစာနဲ့မုန့်မျိုးစုံလုပ်နည်း👈👈👈👈👈👈👈👈👈👈👈👈👈