Translate(ဘာသာပြန် )t🤦‍♂️🤦‍♂️🤦‍♂️😤

Monday, August 22, 2022

ပဲတီချဉ်နှင့်ပဲတီချဉ်သုပ်


 ပဲတီချဉ်နှင့်ပဲတီချဉ်သုပ်

ပဲတီချဉ်ကိုအခုမှထည့်ဖူးပါ

တယ် ဆန်းဆေးရည်ဒုတိယ

ဆေးရည်ကိုယူပြီးအိုဗာတင်း

ပုလင်းမှာတဝက်ကျော်ကျော်

ထည့်ပြီးတညစိမ်ထားပါ

နောက်နေ့မနက်မှစျေးက

ပဲပင်ပေါက် ၂၀၀ ကျပ်ဖိုးဝယ်

ပြီးဇလုံတခုမှာထည့်ပြီးရေပြန်

ဆေးကအခွံတွေဖယ်ထုက်ပါ

ပြီးရင်ရေစစ်ပြီးပဲပင်ပေါက်ကို

အိုဗာတင်းပုလင်းထဲကိုဆား

ဟင်းခတ်ဇွန်း ၁ ဇွန်းထည့်ပြီး

သမအောင်မွှေပေးပြီးမှထည့်ပါ ဆားကသင့်ရုံပဲခပ်ထည့်ပါ

၂ ညသိပ်လောက်ထားပြီးရင်

နောက်တနေ့မနက်ဆိုပဲတီချဉ်

ရပါပြီ

ပဲတီချဉ်ကိုအရည်စစ်ပြီးခပ်

ကာဖွဖွလေးညှစ်ပြီးပန်းကန်

တခုထဲထည့်ပါ ကြက်သွန်နီ

တဥပါးပါးလှီးထည့်ပါ

မြေပဲဆီဟင်းခတ်ဇွန်း ၁ ဇွန်း

ထည့်ပါ နှမ်းလှော် ၁ ဇွန်းထည့်ပါ အချိုမှုန့် နဲနဲလေးထည့်ပါ

ငရုတ်သီးစိမ်းတောင့် ၂

တောင့်ပါးပါးလှီးထည့်ပြီ

ဖွဖွလေးနယ်ပါ အငံထပ်ထည့်

စရာမလိုပါ အရသာမြည်း

ကြည့်ပါ အနေတော်ဆိုရင်

ပဲပင်ပေါက်သုပ်ရပါပြီ

       စားကောင်းကြပါစေရှင်

Credit : U Kyaw Shwe

No comments:

Post a Comment