Skip to main content

Posts

Showing posts with the label ငါးα€žα€œောα€€်ပေါင်းα€”α€Š်းα€œေး..😍

ငါးα€žα€œောα€€်ပေါင်းα€”α€Š်းα€œေး..😍

 α€„ါးα€žα€œောα€€်ပေါင်းα€”α€Š်းα€œေး..😍 ၁။ ငါးα€žα€œောα€€်α€€ြီးα€€ြီးတစ်α€€ောင်α€€ို ၃ ပိုင်း (α€žို့α€™α€Ÿုတ်) ၄ ပိုင်း ပိုင်း၍ α€žα€”့်စင်ထောင် ဆေးα€€ြောပါ။ ပြီးα€œျှင် ဆား ထချိုα€™ှုα€”့် α€”α€”ွင်းα€™ှုα€”့် ငါးငံပြာα€›α€Š် ၃ ဇွα€”်း α€›ှα€œα€€ာα€›α€Š် ၃ ဇွα€”်း တို့α€–ြင့် α€žα€™α€‘ောင်α€”α€š်၍  α€”ာα€›ီဝက်ခန့် α€”ှပ်ထားပါ။ ၂။ α€€ြα€€်α€žွα€”်α€”ီ α€–ြူ ဂျင်း စပါးα€œα€„်တို့α€€ို ငရုတ်α€žီးထရောင်တင်α€™ှုα€”့်α€–ြင့် α€›ောထောင်း၍ ဆီα€žα€်ပါ။ ခရမ်းချဉ်α€žီး ၄/၅ α€œုံးခန့်α€€ိုα€œα€Š်း ပါးပါးα€œှီး၍ ထနှα€…်ရတဲ့ထထိ α€›ော၍ α€œုံးချα€€်ချα€€်ပါ။ ၃။ ချα€€်α€™α€Š့် α€Ÿα€„်းပေါင်းထိုးထောα€€်ခြေα€€ို α€€ြံချောင်း (α€žို့α€™α€Ÿုတ်) စပါးα€œα€„် ၅ ချောင်း ထု၍ α€–ြα€”့်ခင်းပါ။ ၎င်း ထပေါ်α€€α€™ှ ငါးထတုံးα€™ျားα€€ို α€…ီ α€‘α€Š့်ပါ။ ထို့α€”ောα€€် ခုα€”α€€ ဆီα€žα€်ထားα€žα€Š်α€™ျား α€œောင်းα€‘α€Š့်ပါ။ α€€ြα€€်α€žွα€”်α€”ီα€₯ ထရွα€š်တော် ၅/၆ α€œုံးခန့် ထပေါ်α€™ှ ထပ်α€‘α€Š့်ပါ။ ပြီးα€œျှင် ငါးတွေα€™ြုတ်တဲ့ထထိ α€›ေα€‘α€Š့်ပါ။ ၄။ ၄၅ α€™ိα€”α€…်ခန့်α€€ြာα€œျှင် α€™ီးပိတ်ပြီး ခဏနှပ်ထားပါ။ ၁၀ α€™ိα€”α€…်α€œောα€€်α€€ြာα€œျှင် ထဖုံးα€–ွင့်ပြီး α€”ံα€”ံပင် α€”ှင့် α€™α€†α€œာ α€‘α€”α€Š်းα€„α€š်α€…ီ ထုပ်ပြီး ၃ α€™ိα€”α€…်α€œောα€€် ထပ်ချα€€်α€œိုα€€်α€œျှင် ရပါပြီα€›ှင်။ α€‘α€›α€žာα€›ှိα€žောငါးα€žα€œောα€€်ပေါင်းα€Ÿα€„်းတစ်ပွဲα€™ိα€™ိα€€ိုα€š်တိုင်_α€œα€€်α€…ွα€™်းပြချα€€်α€…ားα€€ြα€Š့်α€œိုα€€်ပါα€”ော်  α€œေးα€…ားα€œျှα€€်ပါ . Credit. . ခင်ခင်α€€ြီး(ခ) α€žα€€်ထားα€…ံ...