Labels

Showing posts with label စမိုင်လုပ်နည်း အစုံ. Show all posts
Showing posts with label စမိုင်လုပ်နည်း အစုံ. Show all posts

Thursday, August 18, 2022

စမိုင်လုပ်နည်း အစုံ

 #


စမိုင်လုပ်နည်း အစုံကို စုစည်းပေးထားပါတယ်

- စမိုင်ထုပ်ကတော့ city mart မှာဝယ်လို့ရနိုင်တယ်။
- စမိုင်၁ထုပ်ကို နို့ကျိုပြီးသား ရေသန့် ၁ဘူးခန့်လဲ ရပါတယ် (၅၀ကျပ်သား)
- နို့စိမ်း ၁ဘူး
- နို့ဆီ အချိုကြိုက်ရင်နဲနဲထည့်ပါ။
- အအီကြိုက်ရင် ချိစ် ၁ပြားထပ်ထည့်ပါ။
- စပျစ်သီးခြောက်/ သီဟိုဠ်စေ့ခြောက်/ almond စေ့ခြောက် ကြိုက်ရင် ထပ်ထည့်လို့ရပါတယ်။
**************************
၁။ စမိုင်ခြောက် (ကြာဇံခြောက်) ကို ထောပတ်လိုသလောက် ထည့်ကာ အရင်ဆုံး လှော်ပြီးနောက် သီးသန့် ဖယ်ထားရမည်။
၂။ ရေကို ဆူအောင် တည်ပြီးပါက အုန်းနို့စိမ်း ၂ ကီလိုဂရမ်၊ လှော်ထားသော မြေပဲ ချိန်ဆထည့်
နို့ဆီ ၁ ဗူး၊ နို့စိမ်းဗူး ၂ ဗူး၊ သကြား တစ်ကီလိုဂရမ်ခွဲ၊ စပျစ်ခြောက် အဖြူ (တစ်ကီလို၏ ၁ဝ ပုံ တပုံ)
တို့ကို ထည့်ရမည်။
(ရေကိုမူ စမိုင် တစ်ကီလိုဂရမ် သုံးမည်ဆိုပါက အနည်းဆုံး ၁ဝ ကီလိုဂရမ် သုံးရသည်။)
⭕️ မှတ်ချက်။ ။စပျစ်ခြောက် အမဲရောင် မသုံးရပါ။ အမဲရောင်သုံးပါက စမိုင်တအိုးလုံး မဲသွားနိုင်သည်။
၃။ လှော်ထားသည့် စမိုင်ခြောက်ကို ဆူပွက်နေသော အိုးအတွင်း ထည့်လိုက်ပြီးနောက် ၅ မိနစ်ခန့်အကြာတွင် အဆင်သင့် စားသုံးနိုင်သော စမိုင် မုန့်ရရှိမည် ဖြစ်သည်။
**************************
စမိုင်ကြိုက်သူများအတွက်
(ဆီးချိုရှိသူများ နှင့် အချိုရှောင်လိုသူများပါ စားလို့ရမယ့်
စမိုင်ကို အိမ်မှာ လွယ်လွယ် နဲ့ မြန်မြန် လုပ်စားကြမယ်)
လိုအပ်သည့်ပစ္စည်းများကတော့
--------------------
( မိသားစု ၅ယောက် အတွက် )
- စမိုင်ခြောက်(လှော်ပြီး) ၅ကျပ်သား
- ထောပတ် ၂ကျပ်ခွဲသား
- အဆီထုတ်ထားသော (non fat) နွားနို့ကြိုပြီးသား ၁လီတာ
- Dawn နို့စိမ်း ဟင်းချက်ဇွန်းကြီး ၂ဇွန်း
- Equal သကြားတု ၁၀ထုပ်
(ချိုတာကြိုက်လျှင် ၁၅ထုပ်)
- စပျစ်သီးခြောက် (ကြိုက်လျှင်) အနည်းငယ်
- ဆား အနည်းငယ်
ပြုလုပ်နည်း👇
----------
▪️အိုးကို မီးပူပေးပါ။ အိုးပူလာပြီဆို ထောပတ်ကို အိုးထဲသို့ထည့်ပါ။
▪️ထို့နောက် စမိုင်ခြောက်ကို ထည့်၍ မီးအေးအေးဖြင့် နှံအောင် မွှေပေးထားပါ။
▪️ထောပတ် အားလုံး စိမ့်ဝင်သွားပြီ ဆိုပါက နွားနို့၊ နို့စိမ်း၊ Equal သကြားထုပ်၊ ဆား ထည့်၍ မီးပြင်းပြင်းဖြင့် တောက်လျှောက်မွှေပေးပါ ။
▪️ပျစ်လာပြီဆိုတိုင်း ရေနွေး ထပ်ရောမွှေပေးပါ။ မီးပြင်းပြင်းဖြင့် ၁၀မိနစ်ခန့် သေချာ မွှေပြီးပြီဆိုပါက စမိုင် နူးပါပြီ။
▪️ထို့နောက်မှ စပျစ်သီးခြောက်လေးထည့်မွှေ၍ အအေးခံပြီး အရသာရှိရှိ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အိမ်လုပ် ရိုးသားတဲ့ စမိုင်လေး သုံးဆောင်လို့ရပါပြီရှင့။
Crd😋