Skip to main content

Posts

Showing posts with the label α€€ြα€€်ခြေထောα€€်ချဉ်စပ်α€Ÿα€„်းα€›α€Š်ချα€€်α€”α€Š်း

α€€ြα€€်ခြေထောα€€်ချဉ်စပ်α€Ÿα€„်းα€›α€Š်ချα€€်α€”α€Š်း

 α€™ိုးထေးထေးα€”ဲ့ α€œိုα€€်α€–α€€်α€œှတဲ့ α€€ြα€€်ခြေထောα€€်ချဉ်စပ်α€Ÿα€„်းα€›α€Š်ချα€€်α€”α€Š်း ပါဝင်ပစ္α€…α€Š်းα€™ျား- α€€ြα€€်ခြေထောα€€် ၆ ချောင်း (ဆေးα€€ြောပြီး ခြေချောင်းတွေα€”ဲ့ α€’ူးα€›ိုးα€žα€€်α€žα€€်α€–ြα€…်ထောင် α€”ှα€…်ပိုင်းပိုင်းထားပါ) α€™ုα€”်α€Šα€„်းα€–ြူ ၁၅၀ ဂရမ် (ထနေတော်ထရွα€š်α€œေးတွေ α€œှီးထားပါ) စပါးα€œα€„် ၂ ချောင်း (ထောα€€်ခြေ ၄ α€œα€€်မခန့်α€€ို α€šူပြီး ဓားပြားα€›ိုα€€်ထားပါ) ဂျင်း ၃ ပြား (ပါးပါးα€œှီးထားα€žော) α€›ှောα€€်α€›ွα€€် ၄ α€›ွα€€် α€€ြα€€်α€žွα€”်α€–ြူ ၄ α€™ြွှာ ဆား α€œα€€်α€–α€€်α€›α€Š်ဇွα€”်း α€žုံးပုံတစ်ပုံ α€€ြα€€်α€žားα€™ှုα€”့် α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၁ ဇွα€”်း ပဲငံပြာα€›α€Š်ထကြα€Š် α€œα€€်α€–α€€်α€›α€Š်ဇွα€”်း ၁ ဇွα€”်း ခရုဆီ α€œα€€်α€–α€€်α€›α€Š်ဇွα€”်း α€žုံးပုံတစ်ပုံ ငရုတ်α€žီးထစိα€™်း ၃ တောင့် (α€™α€Šα€€်α€α€Šα€€်ထောင်းထားပါ) ငရုတ်α€žီးထနီ ၃ တောင့် (α€™α€Šα€€်α€α€Šα€€်ထောင်းထားပါ) α€€ြα€€်α€žွα€”်α€™ြိတ် ၃ ပင် (ခပ်α€žေးα€žေးα€œှီးထားပါ) α€”ံα€”ံပင် ၅ ပင် α€›ေ ၀.၅ α€œီတာ ချα€€်ပြုတ်ပြင်ဆင်ပုံ - ၁။ ထိုးα€€ို α€™ီးထေးထေးα€”ဲ့ ထပူပေးထားပါ။ α€žα€”့်စင်ထားတဲ့ α€€ြα€€်ခြေထောα€€်တွေα€€ို ထိုးထဲ α€‘α€Š့်ပြီး စပါးα€œα€„်၊ ဂျင်း၊ α€€ြα€€်α€žွα€”်α€–ြူα€”ဲ့ ဆားတို့ α€‘α€Š့်α€€ာ α€›ေα€€ို α€€ြα€€်ခြေထောα€€်α€™ြုပ်တဲ့ထထိ α€‘α€Š့်ပါ။ ၂။ α€™ီးထေးထေးα€”ဲ့ α€™ိα€”α€…် αƒα€α€œောα€€်α€α€Š်ထားပေးပါ။ ၃။ ပြီးရင် α€™ုα€”်α€Šα€„်းα€–ြူ၊ α€€ြα€€်α€žားα€™ှုα€”့်၊ ပဲငံပြာα€›α€Š်ထကြα€Š်α€”ဲ့ ခရုဆီα€‘α€Š့်ပြီးတော့ α€”ောα€€်ထပ် α€™ိα€”α€…် ...