Skip to main content

ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ချက်နည်း

 မိုးအေးအေးနဲ့ လိုက်ဖက်လှတဲ့ ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ချက်နည်း

ပါဝင်ပစ္စည်းများ-

ကြက်ခြေထောက် ၆ ချောင်း (ဆေးကြောပြီး ခြေချောင်းတွေနဲ့ ဒူးရိုးသက်သက်ဖြစ်အောင် နှစ်ပိုင်းပိုင်းထားပါ)

မုန်ညင်းဖြူ ၁၅၀ ဂရမ် (အနေတော်အရွယ်လေးတွေ လှီးထားပါ)

စပါးလင် ၂ ချောင်း (အောက်ခြေ ၄ လက်မခန့်ကို ယူပြီး ဓားပြားရိုက်ထားပါ)

ဂျင်း ၃ ပြား (ပါးပါးလှီးထားသော)

ရှောက်ရွက် ၄ ရွက်

ကြက်သွန်ဖြူ ၄ မြွှာ

ဆား လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ခရုဆီ လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ငရုတ်သီးအစိမ်း ၃ တောင့် (မညက်တညက်ထောင်းထားပါ)

ငရုတ်သီးအနီ ၃ တောင့် (မညက်တညက်ထောင်းထားပါ)

ကြက်သွန်မြိတ် ၃ ပင် (ခပ်သေးသေးလှီးထားပါ)

နံနံပင် ၅ ပင်

ရေ ၀.၅ လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ -

၁။ အိုးကို မီးအေးအေးနဲ့ အပူပေးထားပါ။ သန့်စင်ထားတဲ့ ကြက်ခြေထောက်တွေကို အိုးထဲ ထည့်ပြီး စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ဆားတို့ ထည့်ကာ ရေကို ကြက်ခြေထောက်မြုပ်တဲ့အထိ ထည့်ပါ။

၂။ မီးအေးအေးနဲ့ မိနစ် ၃၀လောက်တည်ထားပေးပါ။

၃။ ပြီးရင် မုန်ညင်းဖြူ၊ ကြက်သားမှုန့်၊ ပဲငံပြာရည်အကြည်နဲ့ ခရုဆီထည့်ပြီးတော့ နောက်ထပ် မိနစ် ၂၀ လောက် ဆက်တည်ထားပါ။

၄။ ထောင်းထားတဲ့ ငရုတ်သီးကို ထည့်ပြီး အပေါ်က ကြက်သွန်မြိတ်နဲ့ နံနံပင်အုပ်ပြီးရင် မီးပိတ်လိုက်ပါ။

၅။ ပြီးရင်တော့ ရှောက်ရွက်၊ နံနံပင်နဲ့ သံပုရာသီးနှစ်စိတ်ခန့်ကို ညှစ်ထည့်ပြီး ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ကို ပူပူနွေးနွေးသုံးဆောင်နိုင်ပါပြီ။

စျေးကဝယ်လာတဲ့ ကြက်ခြေထောက်တွေကို သေချာရေစင်အောင်ဆေးပါ။ ထမင်းစားခါနီးမှကြက်ခြေထောက်ချဉ်စပ်ဟင်းရည်ကို ချက်စားရင် ပူပူနွေးနွေးနဲ့ အရသာပိုစားကောင်းပါတယ်။

❌❌❌မိမိနှင့် မိမိ၏ မိသားစုကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါရှင်။

Crd😋


Comments

Popular posts from this blog

ခရမ်းသီးနှပ်နည်း

 ခရမ်းသီးနှပ်နည်း ပုစွန် ခြောက်မထည့်ရင် သက်သက်လွတ် ဟင်းချက်စားလို့ရပါတယ်.... ခရမ်းသီးအနေတော်အတောင့်လိုက်လေးတွေထက်ခြမ်းခြမ်းပြီးဆားရည်နဲ့ရေစိမ်ထားပါ ... ပုစွန်ခြောက်ထောင်းပါထောင်းထားတဲ့အထဲကြက်သွန်ဖြူနီထည့်ထောင်းပါ ... ခရမ်းသီးတွေရေပြန်ဆေးပြီးချက်မယ့်ဒယ်အိုးထဲထည့်ပါ ဆားအနဲငယ် (ခရမ်းသီးကအငံကြောက်ပါတယ်)ဆနွင်းအနဲငယ် ငြုပ်အရောင်တင်အနဲငယ် ( ငြုပ်သီးမှုန့်ကိုဆနွင်းထည့်သ‌ေလာက်ပဲထည့်ပါနီရဲ‌ေနရင်စားမ‌ေကာင်းပါ)အရသာမှုန့်မျှင်ငပိအနဲငယ်ထည့်နယ်ပါပြီးရင်ထောင်းထားတဲ့အရာတွေကိုခရမ်းသီးကြားထဲထည့်တန်ထည့်နယ်တန်နယ်ပြီးဆီထည့်ပါလက်ဆေးရေးလေးပါထည့်ပြီးအဖုံးဖုံးပြီးစချက်ပါ နူးလောက်မယ်ထင်မှအဖုံးကိုဖွင့်ပါ ဖွင့်ပြီးမနူးသေးရင်ရေနွေးလေးနဲနဲထပ်ထည့်ပါ(အဖုံးထပ်မဖုံးပါနဲ့ဖွင့်လိုက်ဖုံးလိုက်ဆိုခရမ်းသီးအရောင်မလှမှာစိုးလို့ပါ) နူးပြီးဆီပြန်ရင်ရပါပြီ... Credit Khaing Khaing Myint

ငါးနီတူ မန်ကျည်းရွက်အုပ်ချက်

  ငါးနီတူ မန်ကျည်းရွက်အုပ်ချက် ပါဝင်ပစ္စည်းကတော့ ငါးနီတူ / ခရမ်းချဉ်သီး ကြက်သွန်ဖြူ/နီ / ငရုပ်သီးခြောက် /ငါးပိ /ဆား /အရသာမှုန့် /အရောင်တင်မှုန့် ချက်နည်းကတော့ ငါးခြောက်ကို ခဏ ရေစိမ်ထားတယ် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်ဖြူ/နီ အရောင်တင် ငါးပိ (နည်းနည်းထည့်ပေးရတယ် အချဉ်ဓာတ်ထိမ်းဖို့ ) အားလုံးကို ထောင်းသင့်တာထောင်းခြမ်းသင့်တာခြမ်းပီး ဆီသပ်နည်းနည်းကြာတော့ ငါးခြောက်လေးပါထည့်ပီးဆီသပ်ပေးငါးခြောက်လေးကျက်လောက်ပီဆို မန်ကျည်းရွက်ထည့် ဆား အရသာမှူန့် ငရုပ်သီးခြောက်ထောင်းထည့် ကြော် ကိုယ်ကအစပ်မစားလို့ ငြုပ်သီးခြောက်လျှော့ထည့်ထားတယ် စားလို့ရပါပြီရှင် Credit Ei Sandar Khaing

ထမနဲထိုးနည်း

 ထမနဲထိုးနည်း ************** ထမနဲ ထိုးရန်ဖို့••••• စာချိုးလို.မှာခဲ့မယ် ••• တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်  တစ်ပိဿသာဆီအမှန်သွင်းပါလို.  ချင်း(ဂျင်း) က သုံးဆယ်။ မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်  အုန်းသီးဆန်အတူဖတ်ပါလို့  နှမ်းမပြတ်ဤနည်းနှယ်။ ရေစင်ကြည်ပထည့်ရိုး လက်နှစ်သစ်သာပ ၊  တွက်စစ်ကာချိန်ဆယ်သားရယ်နှင့် ရောနှောကလူအများတို့ရယ်  အားစိုက္လို့ထိုး ...။ မန်လည်ဆရာတော်ဘုရားကြီး ~~~~~~~~~~~~~~~~~~~~~~~~ ဒီအချိုးဟာ ရှေးမြန်မာလူကြီးများ လက်ဆင့်ကမ်း၍ လာတဲ့ အချိုးဖြစ်သလို ဆရာမကြီးခင်ခင်ထူးရဲ့မအိမ်ကံ ၀တ္ထုထဲမှာ လည်း ဖော်ပြထားတာတွေ့ရပါတယ်  ( စကားချပ် ) (၁) ကောက်ညှင်းဆန်.......(၄)ပြည် (၂ )မြေပဲ.......................(၈၀) ကျပ်သား.. (၃)နှမ်းဆီ(သို.)မြေပဲဆီ.... (၁)ပိသာ (၄) နှမ်းစေ့( မဲ+အဖြူ )......(၃၂) ကျပ်သား (၅) အုန်းသီးစိတ်..............(၂၀) ကျပ်သား.. (၆) ဆား.........................(၇) ကျပ်သား. (၇) ချင်း..........................(၁၅) ကျပ်သား  ထမနဲ မထိုးခင် ကောက်ညှင်းဆန်တွေကို ရေဆေးပြီးအနည်းဆုံး (၃) နာရီခန့် ကြိုတင်၍ ရေစိမ်ထားရပါမယ်...။ မြေပဲတွေကို လှော်ပြီး အ...